Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် မြဝတီဘဏ်စောင့် လုံခြုံရေးရဲကင်းနှင့် ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်

မန္တလေးအခြေစိုက် အောင်စည်တော်စစ်ဆင်ရေးအဖွဲ့သည် ယခုနှစ်အတွင် မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သည်။

(မန္တလေးမြို့ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မန္တလေးမြို့ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်၌ လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်ပါးစေများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စစ်အုပ်စုပိုင် မြဝတီဘဏ်အစောင့် ရဲကင်းနှင့် စစ်ကောင်စီတပ် ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဧပြီ ၁၈)နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်ကားဝင်းအနီးရှိ မြဝတီဘဏ်အစောင့် စစ်ကောင်စီလက်ပါးစေ ရဲကင်းကို လျက်ဆားပုလင်းဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အလားတူ ယမန်နေ့ညနေပိုင်းတွင် အမရပူရကွက်သစ် ကပ်ကျော်ဓမ္မာရုံအနီးရှိ စစ်ကောင်စီတပ်၏ ဘန်ကာတစ်ခုကို လျက်ဆားပုလင်းဗုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ပြီး တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အောင်စည်တော်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောကြားသည်။

“မြဝတီဘဏ်ရှေ့ကတော့ ရဲ ၄ ၊ ၅ကောင်နဲ့ တောင်မြို့ (အမရပူရကွက်သစ်)ဘက်မှာတော့ စစ်ခွေး ၆ ၊ ၇ ကောင်ခန့်ရှိနေပါတယ်။ ထိခိုက်သေဆုံး ရှိနိုင်ပါတယ်ခင်ဗျ။ အတိအကျ စုံစမ်းဆဲပါခင်ဗျ”ဟု ၎င်းက တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

၎င်းက ဆက်လက်ပြီး “မြဝတီဘဏ်ရှေ့ကရဲကင်းက အောင်စည်တော်အကြောင်း မမှန်သတင်းပြောနေတယ်လို့ သတင်းပို့လာလို့ပါ။ သတိပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပါ “ဟု ပြောသည်။

စစ်ဆင်ရေးနေရာနှစ်ခုအနက် တစ်ခုတွင် ထိခိုက်မှုများရှိသည်ဟု သတင်းရကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ယမန်နေ့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဘဏ်အနီးဖြတ်သန်းသွားလာသော ပြည်သူများအား စစ်ကောင်စီတပ်က စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အောင်စည်တော်စစ်ဆင်ရေးအဖွဲ့သည် မတ်လ ၃၀ရက်ကလည်း ကျွဲဆည်ကန်ကားကြီးကွင်းအနီးရှိ အဆိုပါ စစ်အုပ်စုပိုင် မြဝတီဘဏ်အစောင့် တပ်သားများအား ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။

ပြည်သူများအား နေရာအနှံ့ ဒုက္ခမျိုးစုံပေးနေသော စစ်ကောင်စီနှင့် အပေါင်းအပါများအား အောင်စည်တော်စစ်ဆင်ရေး ရဲဘော်များမှ အချိန်နေရာမရွေး စစ်ဆင်ရေးပစ်မှတ်ထားကာ တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် စစ်ရေးတိုက်ခိုက်မှုများတွင် စစ်အသုံးစရိတ်ရရှိနိုင်ရန် Cick ချန်နယ်(https://t.me/clickformdy)တစ်ခုတည်ထောင်ကာ ရန်ပုံငွေရှာဖွေနေရပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

မန္တလေးအခြေစိုက် အောင်စည်တော်စစ်ဆင်ရေးအဖွဲ့သည် ယခုနှစ်အတွင် မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်များကို တိုက်ခိုက်နေသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။