Connect with us

Hi, what are you looking for?

သတင်း

မြဝတီ မဲကနယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုပါခံနေရ

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးသုံးသည့်အပြင် လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်နေသည်ဟု VENOM PDF စစ်ကြောင်း၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြဝတီ မဲကနယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုပါခံနေရ
မြဝတီ မဲကနယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုပါခံနေရ

စစ်ရေးပဋိပက္ခပြင်းထန်နေသည့် မြ၀တီမြို့နယ် မဲကနယ်ဒေသတွင် ယနေ့ နံနက်အစောပိုင်းက တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများရှိနေသည်ဟု ပူးပေါင်းအဖွဲ့များက ပြောသည်။

ယနေ့ ဧပြီလ(၁၉)ရက် နံနက်ခြောက်နာရီအချိန်ခန့်ကစ၍ ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ မဲကနယ်ဒေသအတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးတက်လာသည့်အတွက် KNLA တပ်မဟာ(၆)ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးသုံးသည့်အပြင် လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်နေသည်ဟု VENOM PDF စစ်ကြောင်း၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

မြဝတီ မဲကနယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုပါခံနေရ
မြဝတီ မဲကနယ်တွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုပါခံနေရ

“မနက်ကတော့ လက်နက်ကြီးနဲ့ အရင်ပစ်ပြီး တက်တယ်။ တက်မရတော့ ပြန်ဆုတ်ပြေးတယ်။ ခြင်းကျားတွေနဲ့ အလောင်းတွေပဲ ကျန်ခဲ့တယ်။ လေယာဉ်ဂျက်ဖိုက်တာ MI-35 လာပြီး ရော့ကတ် စက်သေနတ်(၅)ခါကျော် အပေါ်မှာ ဝဲပြီးပစ်သွားတယ်။ ဒါကတော့ မနက်က နောက်ဆုံးရ မြေပြင်သတင်းပါ” ဟု အထက်ပါ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ မဲကနယ်ဒေသတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းအဖွဲ့များအကြား ပြီးခဲ့သည့် မတ်လကုန်ပိုင်းစ၍ ယနေ့ ဧပြီလ(၁၉)ရက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့သလို ပူးပေါင်းအဖွဲ့ဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ပူးပေါင်းစစ်ကြောင်းများအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မဲကနယ်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ပစ်ဒုံးများ၊ လက်နက်ကြီးများနှင့် လေကြောင်းပစ်ကူများဖြင့် အဆက်မပြတ် အသုံးပြုတိုက်ခိုက်နေပြီး တိုက်ပွဲကြောင့် မဲကနယ်ဒေသထောင်ချီသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။