Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို G7 နိုင်ငံခြားရေးဝန်ကြီးတွေ ရှုတ်ချ

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ ခုက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဥရောပ သမဂ္ဂကပါ ပူးပေါင်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

(ဂျပန်နိုင်ငံတွင် G-7 နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးပြုလုပ်စဥ်။ဓါတ်ပုံ-ရိုက်တာ)
(ဂျပန်နိုင်ငံတွင် G-7 နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးပြုလုပ်စဥ်။ဓါတ်ပုံ-ရိုက်တာ)

G7ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးမှုအပြီး ပူးတွဲ ကြေညာချက်မှာ အာဏာသိမ်း မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို ရှုတ်ချကြောင်း ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မြန်မာစစ်တပ်ဟာ ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချပြီး အဓမ္မ အာဏာသိမ်းခဲ့တဲ့နောက် နိုင်ငံတဝန်းမှာ ပြင်းပြင်းထန်ထန် ဆန့်ကျင် တော်လှန်မှုတွေနဲ့ ကြုံနေရပါတယ်။ အဲဒီနောက် အာဏာသိမ်း စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုအပေါ် ရက်ရက်စက်စက် အကြမ်းဖက် ဖိနှိပ်မှုတွေ လုပ်ဆောင်လာတဲ့အပေါ် G7 အဖွဲ့ဝင် နိုင်ငံတွေက တစိတ်တဝမ်းတည်း ကန့်ကွက် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူသားရေးရာ အကျပ်အတည်းတွေ တစထက်တစ ပိုမို ဆိုးရွားလာနေတာနဲ့ ပတ်သက်လို့လည်း အလေးအနက် စိုးရိမ်တယ်လို့ G7 အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြသွားခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ ခုက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဥရောပ သမဂ္ဂကပါ ပူးပေါင်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

G7 နိုင်ငံခြားရေး ဝန်ကြီးတွေက ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး ရုရှားအပေါ် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ မြှင့်တင်ရေးကို ထောက်ခံခဲ့ကြသလို မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုတွေ အရှိန်အဟုန် မြှင့်တင်လာနေတာကိုလည်း တစိတ်တဝမ်းတည်း ရှုတ်ချသွားခဲ့ပါတယ်။

ပြီးတော့ ထိုင်ဝမ်နဲ့ အင်ဒို-ပစိဖိတ် ဒေသတွေမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဒေသတည်ငြိမ်မှုနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဆိုးရွားလာတာနဲ့ ပတ်သက်လို့လည်း G7က ဝေဖန် သတိပေးသွားပါတယ်။ ဒါ့အပြင် ဆူဒန်နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်တပ်နဲ့ အရန်တပ်ဖွဲ့တွေကြား အာဏာလု စစ်ခင်းတိုက်ခိုက်မှုတွေ၊ အာဖဂန် နစ္စတန် နိုင်ငံမှာ တာလီဘန်တွေရဲ့ လူ့အခွင့်အရေး ကန့်သတ် ချိုးဖောက်နေမှုတွေကိုလည်း G7 နိုင်ငံခြားရေး ဝန်ကြီးတွေက ပြစ်တင် ပြောဆိုသွားပါတယ်။

အခုဆွေးနွေးပွဲဟာ နောက်လထဲကျရင် ဟီရိုရှီးမားမြို့မှာ G7 နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီး ညီလာခံရဲ့ အကြို တွေ့ဆုံမှုလို့လည်း ဆိုနိုင်ပါတယ်။ G7မှာ အဖွဲ့ဝင် နိုင်ငံတွေအဖြစ် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုတို့ ပါဝင်ပြီး ဥရောပ သမဂ္ဂကလည်း မိတ်ဖက် အနေနဲ့ ပါဝင်ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။