Connect with us

Hi, what are you looking for?

သတင်း

ရွှေဘတောင်ဘုရားပရဝဏ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ နေထိုင်ခြင်းမပြုရန် ဆားလင်းကြီး(ပအဖ) သတိပေး

ထုတ်ပြန်ချက်အားမလိုက်နာပါက အရေးယူဆောင်ရွက်သွားမည်ဟု (ပအဖ)က သတိပေးထားသည်။

(သမိုင်းဝင်ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ရွှေဘတောင်ရှိ ဘုရားစေတီများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သမိုင်းဝင်ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ရွှေဘတောင်ရှိ ဘုရားစေတီများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဆားလင်းကြီးမြို့နယ်ရှိ ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်သော ရွှေဘတောင်ဘုရားပရဝဏ်တွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ နေထိုင်ခြင်းမပြုရန် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ကြေညာသည်။

ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်များတည်ရှိရာ ရွှေဘတောင် တောင်ပေါ်နှင့် ဘုရားပရဝဏ်အတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ နေထိုင်ခွင့်မပြုကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဧပြီ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

ရွှေဘတောင်သည် သာသနာ့နယ်မြေဖြစ်၍ တစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ လက်နက်များ ကိုင်ဆောင်သွားလာခြင်းမပြုကြောင်း၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ခေတ္တတည်းခိုခြင်းဖြစ်စေ၊ အင်တာနက်လာရောက်အသုံးပြုခြင်းဖြစ်စေ ဧပြီလ ၂၀ ရက်နေ့မှစ၍ ခွင့်မပြုတော့ကြောင်း ဆားလင်းကြီးမြို့နယ် (ပအဖ)က အသိပေးသည်။

Public Service Announcement
Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့စစ်ကြောင်းမှာ သာသနာ့နွယ်၀င်ရဟန်းတော်တွေကို PDFတွေ သွားလာနေတာကိုလက်ခံခွင့်ပြုလို့ဆိုပြီး ရိုက်နှက်တာတွေ နောက်တကြိမ်လက်ခံရင် မီးရှို့ဖျက်ဆီးမယ်လို့ခြိမ်းခြောက်သွားလို့ပါ။ သာသနာ့နယ်မြေ ယဥ်ကျေးမှုနယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ရမည့်ရည်ရွယ်ချက်ကြောင့်ပါ။ စကစ ကတော့ အကြမ်းဖက်လုပ်ရပ်ကသူတို့အတွက်မထူးဆန်းဘူးလေ နယ်မြေရွေးနေမှာမဟုတ်လို့ပါ။”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်အားမလိုက်နာပါက အရေးယူဆောင်ရွက်သွားမည်ဟု (ပအဖ)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေယာဉ်များ ဆားလင်ကြီးနယ်ထဲ ရောက်နေ

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီ အမြန်ရေယာဉ်နှစ်စီးကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ဆန်တက်သွားကာ မုံရွာဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရသည်။