Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ရေးတင်းမာ​နေ၍ လွိုင်ကော်-မိုးဗြဲ – ဖယ်ခုံလမ်းမကြီးအား ပြည်သူ များအသုံးမပြုသေးရန်KNDF ​ပြော

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်လျှက်ရှိသည်။

(လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတစ်နေရာတွင် စစ်တပ်ယာဥ်တန်းကိုကရင်နီပူး​ပေါင်းတပ်က​စောင့်ကြည့်​နေ​စဥ်။ ပုံဟောင်း ဖြစ်သည်။ဓါတ်ပုံ- လွိုင်​ကော်PDF)
(လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတစ်နေရာတွင် စစ်တပ်ယာဥ်တန်းကိုကရင်နီပူး​ပေါင်းတပ်က​စောင့်ကြည့်​နေ​စဥ်။ ပုံဟောင်း ဖြစ်သည်။ဓါတ်ပုံ- လွိုင်​ကော်PDF)

စစ်ကား အစီး ၂၀ ခန့်ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာနေသည့် လွိုင်ကော်-မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးအား ပြည်သူ များအသုံးမပြုသေးရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖယ်ခုံ မြို့ ဘက်မှတဆင့် လွိုင်ကော်မြို့ အင်အား ဖြည့်တင်းလာသည့်စစ်ကောင်စီစစ်ကြောင်းကို KNDF နှင့် ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့(ဧပြီ ၂၁ ရက်)က ကြား ဖြတ်တိုက်ခိုက်ခဲ့သည်။

“ကားတစ်စီး မိုင်းထိတယ်ဆိုတာ အတည်ပြုနိုင်တယ်။ မနက် ၂ နာရီလောက်ကြားဖြတ်တိုက်ခဲ့ရတဲ့ တိုက်ပွဲကြောင့် စကစ သေစာရင်းကိုတော့ အတိအကျ မသိရတော့ ယတိပြတ်မပြောနိုင်သေးဘူး။ဒါပေမယ်လို့ အဲဒီလမ်းပိုင်းကို ပြည်သူအချို့အသုံးပြုနေတာ တွေ့ရတာ ကြောင့် စစ်ရေးသတိရှိဖို့ တိုက်တွန်းလိုတယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အင်အားဖြည့်တင်လာသည့် စစ်ယာဥ်တန်းမှာမူ မည်သည့် စစ်ဒေသ သို့ ဝင်ရောက်မည်ကို မသိရသေး သော်လည်း လက်ရှိတွင် လွိုင်ကော်သို့ ရောက်ရှိလာပြီ ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“လွိုင်ကော် ဘက်ကနေဘဲ စစ် ကြောင်းအသစ်အနေနဲ့ထပ်လာမလား။ဒါမှမဟုတ် ဒီးမော့ဆို ကိုပဲ ထပ်ဝင်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာ။တိုက်ပွဲတွေကတော့ဖယ်ခုံ- ပင်လောင်း နဲ့ ဒီးမော့ဆို တို့မှာ ရက် ဆက် ရှိနေတယ်။ဒီနေ့ဒီးမော့ဆိုမှာ ထိတွေ့မှုရှိတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က“အဲဒီ စစ်ယာဉ်တန်းက ဆက်ထွက်လာတယ် လောပိတဘက်ကို ဦးတည်တယ်လို့ ပြောတယ်။ဦးတည်တော့ လောပိတနဲ့ ဟိုတစ်နေ့က ဖြစ်တဲ့တိုက်ပွဲနဲ့က နီးနီးလေးပဲ။ အဲဒီမှာ အင်အားဖြည့်တင်းဖို့လာတာလား သို့မဟုတ်ရင် စက်ရုံလုံခြုံရေးယူဖို့လာတာလား မဟုတ်ရင်လွိုင်ကော်အရှေ့ခြမ်းကို မွှေမလားမသိဘူး”ဟုပြောသည်။

ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့်လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်ဦးတည်လာသည့် လောပိတရေအားလျှပ်စစ်စက်ရုံ ရှိရာ အရပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်သည့် ဒေါညေးခူ ဒေသ၌ နယ်မြေချင်းစပ်ဆက်နေသည်ဟုဆက်​ပြောသည်။

“စလောပိတပြီးရင်း ဒေါခူးအုပ်စု၊ ဒေါခူးအုပ်စုပြီးရင် ဒေါညေးခူ၊ ဒေါတမကြီး အုပ်စုပေါ့။ လောပိတနဲ့ ဒေါခူးအုပ်စုဆိုရင် ၂နာရီ ခရီးပဲရှိတယ်။ ဒေါခူးနဲ့ ဒေါတမကြီးက တဆက်တည်း အဲဒီလိုမျိုးလေ။ ဆိုတော့ အဲဒီဘက်ကို အင်အားဖြည့်တာလားဆိုတာတော့ မသိရသေးဘူး” ဟု၎င်းကဆိုသည်။

ကရင်နီပြည်နယ် ဒီးမော့ဆို နှင့် မိုးဗြဲ မြို့နယ်တို့တွင် ဧပြီ ၁၄ ရက်ကစ၍ ခြောက်ရက် တာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် KNDF က ယမန်နေ့က ထုတ်ပြန်ထားသည်။

အလားတူမတ်လတစ်လတာအတွင်း ကရင်နီ(ကယား)ပြည်နယ် နှင့် ရှမ်း ပြည်နယ်တောင်ပိုင်းတို့တွင်တိုက်ပွဲစုစုပေါင်း၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၈၁) ဦး သေဆုံးခဲ့​ကြောင်းလည်း KNDF ကအသိ​ပေးထားသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့ နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်လျှက်ရှိသည်။

(လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတစ်နေရာတွင် စစ်တပ်ယာဥ်တန်းကိုကရင်နီပူး​ပေါင်းတပ်က​စောင့်ကြည့်​နေ​စဥ်။ ပုံဟောင်း ဖြစ်သည်။ဓါတ်ပုံ- လွိုင်​ကော်PDF)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ရက္ခိုင်ပြည်နယ်အတွင်း AA မှ လွဲ၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမှ မရှိစေရမူအတိုင်း ရှိနေမည်ဟုလည်း AAက ထပ်မံ အသိပေးသည်။