Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆို နှင့် မိုးဗြဲ မြို့ နယ်ခြောက်ရက် တာ တိုက်ပွဲသား ၅၀ ကျော် သေ၊တစ်ဦးအရှင်ဖမ်းမိပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိဟု KNDF ​ပြော

ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ၊ ပင်လောင်မြို့နယ်များ အကြား အကြမ်းဖက် စစ်ကောင်စီမှ မတ်လမှစ၍ ယနေ့ချိန်ထိ စစ်ကြောင်းများထိုးလျှက်ရှိနေသေးပြီး ကရင်နီပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မှခုခံတိုက်ခိုက်လျှက်ရှိသည်။

(ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)
(ကရင်နီတပ်များသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-KNDF)

▪︎စစ်တပ်မှအရာရှိအချို့လည်း​သေဆုံးပြီး ၊စစ်တပ်ကလွိုင်ကော်မြို့နယ် လောပိတသို့ လူအင်အားဖြည့်တင်း​နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆို နှင့် မိုးဗြဲ မြို့ နယ်ခြောက်ရက် တာ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ ကျော် သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသား များ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန် သည်။

ထိုအပြင်အဆိုပါတိုက်ပွဲများအတွင်းစစ်​ကောင်စီတပ်မှ အရာရှိတစ်ဦး​သေဆုံးခဲ့​ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

“၁၆ရက်နေ့ကနေ ၂၀ရက်နေ့ မနေ့ကအထိပေါ့။ မနေ့က ဒရုန်းနဲ့ သွားပစ်တော့ ဗျူဟာမှူးနေတဲ့ ကုန်းမှာ ကျတယ်ပြောတယ်။ အဲဒီမှာ ထပ်သေသလားမသိဘူး။ သူတို့ပြောတာတော့ ဟိုတစ်ရက်က တပ်ရင်းမှူးပါသလိုပြောတယ်။မနေ့ကကျတော့ ဗျူဟာမှူးနားကျတယ်တဲ့။ ဗျူဟာမှူးထိုင်တဲ့ကုန်းမှာကျတော့ ဘောလခဲဘက်မပို့တော့ဘဲနဲ့ ဖရူဆိုဘက်ကို လူနာထမ်းပို့တာ ဖရူဆိုအရှေ့ဘက်က ရွာသားတွေတွေ့တယ် ပြောတယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

Public Service Announcement
Public Service Announcement

ဧပြီလ (၁၆) ရက်ကစ၍ ဒေါညေးခူကျေးရွာ တောင်ပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drome Unit) ၊ Loikaw PDF (Drome Unit) တို့ ပူပေါင်း၍ ၁၈ ရက်နေ့အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒေါညေးခူ၊ ဒေါတမကြီး နဲ့ ဘောလခဲ့ကနေ ထိုးလာတဲ့ တပ်မ ၅၅ ၊ တပ်မ ၆၆ နဲ့ခလရ ၁၂ ၊ ခမရ ၅၁၆ ၊ ခမရ ၅၁၅ က ဗိုလ်မှူးတွေလဲကျ ၊ စစ် ကြောင်းမှူးတွေလည်း ထွက်ပြေးရတယ်”ဟု မြေပြင် တိုက်ပွဲတွင်ရှိနေသည့် KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိ နာသေဆုံးသူ များပြားကာ ၎င်းတို့ထံမှ လက် နက်ခဲယမ်း များကို ပူးပေါင်းတပ်များမှ သိမ်းဆည်းရရှိခဲ့သည်။

ထိတွေ့တိုက်ပွဲများမှာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိ နာသေဆုံးသူ များပြားကာ ၎င်းတို့ထံမှ လက် နက်ခဲယမ်း များကို ပူးပေါင်းတပ်များမှ သိမ်းဆည်းရရှိခဲ့သည်။

သုံးရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၄၀) ဦးကျော်သေဆုံးကာ ဒဏ်ရာအပြင်းအထန် ရရှိသူ များပြားခဲ့ပြီး တိုက်ပွဲအတွင်း ၎င်းတို့ ထံမှ MA-1 (၃)လက်၊ MA-3 (၁၁)လက်၊ SK-1 (၁)လက်၊ MA-2 (၃)လက်၊ MA-4 (၃)လက်၊ ငါးကြင်းမြီး (၁)လက်၊ 66mm ပြောင်း (၁)ပြောင်း ၊ RPG 7 (၁)လက်၊ မိုင်းရှာစက် (၁)ခု ၊ ကွန်ပျူတာ (၁)လုံး၊ မှန်ဘီလူး (၂)ခု၊ ဆက်သွယ်ရေးစက် (၁)လုံး၊ ဖုန်း (၈)လုံး နှင့် မိုင်းများ ၊ဆက်စပ် ခဲယမ်းမီးကျောက်များ အားသိမ်းဆည်း ရရှိခဲ့သည်။

ဒေါညေးခူကျေးရွာ အနီး ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ကူများ အပြင် လေကြောင်းပစ်ကူများဖြင့် ယနေ့ထိ နေ့စဥ်နီးပါး ပုံမှန် ဂျက်ဖိုက်တာ (၃)စီးဖြင့် ပစ်ခက်မှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲများအတွင်း အကြိမ် (၃၀) ကျော်ပစ်ခက် ဗုံးကျဲခဲ့သည်။

ဒေါညေးခူကျေးရွာအနီး တိုက်ပွဲအတွင်း KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ကျဆုံးသော ကရင်နီတပ်မတော် (KA) မှ ရဲဘော်အား အားဇာနည်သူရဲကောင်းအဖြစ် KNDF မှ မှတ်တမ်းတင်သည်။

ထို့အတူ ဧပြီလ (၁၉) ရက် နေ့လည်ပိုင်း အချိန်တွင် ဘောလခဲ နှင့် ဒေါညေးခူ ကြား၌ စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့များ နှင့် KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်များအကြား တစ်နာရီကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဖက်မှ (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး MA -1 (၂) လက်၊ MA-3 (၃ )လက်၊ MA-4 (၁ )လက် ၊ ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား သိမ်းဆည်း ရရှိခဲ့သည်။

ဧပြီလ (၁၄) ရက်ကလည်း လွိုင်ကော် – မိုးဗြဲလမ်းမကြီး ပေါ်ရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံတွင် သကြန်ရေထွက်ပက်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့များအား KNDF/B03 မှ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီ တပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့သည်ဟုသိရသည်။

ထို့အတူ ဧပြီ (၁၅) ရက်နေ့တွင်လည်း မိုးဗြဲမြို့အဝင် တွင် ရေပက်ကစား နေသည့် စစ်ကောင်စီတပ်ဖွဲ့များကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေအား အတည်ပြုနိုင်ခြင်း မရှိဟုအသိ​ပေးထားသည်။

ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အကြား ရှိ တောင်မဲသင်း ၊ တောင်စလုံး ၊ မြောက်စလုံးရွာ များအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု များကိုပါ ပြုလုပ်​နေသည်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် ဒေါညေးခူကျေး ရွာ အနီးတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသလို တနီးလာလဲ ၊ ဒေါတငူး ကျေးရွာများ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF/B09 ၊ KNDF/B10 တို့အကြား ထိတွေ့ တိုက်ပွဲငယ်များ ကြိုကြား ဖြစ်ပွားလျှက်ရှိသည်။

အလားတူ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ၊ ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ် ၊ မိုးဗြဲမြို့နယ် များတွင်လည်း နယ်မြေအလိုက် သက်ဆိုင်ရာ KNDF တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့များအား အလစ်အငိုက် တိုက်ခိုက်ခြင်း များပြုလုပ်ခဲ့သည်။

ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ၊ ပင်လောင်မြို့နယ်များ အကြား အကြမ်းဖက် စစ်ကောင်စီမှ မတ်လမှစ၍ ယနေ့ချိန်ထိ စစ်ကြောင်းများထိုးလျှက်ရှိနေသေးပြီး ကရင်နီပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မှခုခံတိုက်ခိုက်လျှက်ရှိသည်။

ထိုအပြင်ပြီးခဲ့သည့်ရက်ကတိုက်ပွဲများပြင်းထန်ခဲ့​သောဒေါညေးခူ နှင့်နီးကပ်သည့် လွိုင်ကော်မြို့နယ် လောပိတ သို့ စစ်ကောင်စီတပ်က အင်အားဖြင့်တင်းနေသည်ဟုဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ယနေ့(ဧပြီ ၂၁ရက်)မနက် အစောပိုင်း၌ ဖယ်ခုံမှ လွိုင်ကော်သို့ ထွက်ခွာလာရာ လွိုင်ကော်အဝင်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃)က တိုက်ခိုက်ခဲ့၍ စစ်ကောင်စီယာဉ် ထိခိုက်မှုရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိခဲ့သည်။

ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့်လွိုင်ကော်အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

“အဲဒီ စစ်ယာဉ်တန်းက ဆက်ထွက်လာတယ် လောပိတဘက်ကို ဦးတည်တယ်လို့ ပြောတယ်။ဦးတည်တော့ လောပိတနဲ့ ဟိုတစ်နေ့က ဖြစ်တဲ့တိုက်ပွဲနဲ့က နီးနီးလေးပဲ။ အဲဒီမှာ အင်အားဖြည့်တင်းဖို့လာတာလား သို့မဟုတ်ရင် စက်ရုံလုံခြုံရေးယူဖို့လာတာလား မဟုတ်ရင်လွိုင်ကော်အရှေ့ခြမ်းကို မွှေမလားမသိဘူး”ဟု ခူညေးရယ်က ပြောသည်။

စစ်ကောင်စီတပ် ဦးတည်လာသည့် လောပိတရေအားလျှပ်စစ်စက်ရုံ ရှိရာ အရပ်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်သည့် ဒေါညေးခူ ဒေသ၌ နယ်မြေချင်းစပ်ဆက်နေသည်ဟုဆိုသည်။

“စလောပိတပြီးရင်း ဒေါခူးအုပ်စု၊ ဒေါခူးအုပ်စုပြီးရင် ဒေါညေးခူ၊ ဒေါတမကြီး အုပ်စုပေါ့။ လောပိတနဲ့ ဒေါခူးအုပ်စုဆိုရင် ၂နာရီ ခရီးပဲရှိတယ်။ ဒေါခူးနဲ့ ဒေါတမကြီးက တဆက်တည်း အဲဒီလိုမျိုးလေ။ ဆိုတော့ အဲဒီဘက်ကို အင်အားဖြည့်တာလားဆိုတာတော့ မသိရသေးဘူး” ဟု ခူညေးရယ်က ပြောသည်။

ထို့အပြင် လွိုင်ကော်အရှေ့တောင်ဘက်၌လည်း စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် စစ်ရေးလှုပ်ရှားနေသည်ဟုဆိုသည်။

ရက်ရှည်တိုက်ပွဲများအတွက် ရလာဒ်ကောင်းများ ဆက်၍ ဖော်ဆောင်နိုင်ရန် ပြည်သူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆက်၍ အလေးထားလုပ်ဆောင်ပေးကြပါရန် KNDF က တိုက်တွန်းထားသည်။

▪︎မှတ်ချက်-သတင်းကိုထပ်မံ ပြင်ဆင်ဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။