Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန် CIDရုံး အဝေးထိန်းဗုံးဖြင့် နှစ်ကြိမ်တိုက်ခိုက်

ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက CID ဝန်းကျင်ကို ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘဲ စစ်ဆေးရေးများလုပ်ဆောင်ခဲ့သလို ကင်းပတ်နေသည့် ကားအများအပြားတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

(အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ (CID)ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့ (CID)ရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အမှတ်(၂)မှုခင်းရဲတပ်ဖွဲ့(CID)ရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများလာရောက် စစ်ဆေးချိန် ထပ်မံဖောက်ခွဲခဲ့ရာ ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း Yangon Urban Guerrilla Army (Y.U.G.A) မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“ဒုတိယအကြိမ်ပေါက်ကွဲတာက သူတို့စစ်ဆေးရေးလုပ်နေတဲ့ အနီးဝန်းကျင်မှာဘဲ ပေါက်ကွဲခဲ့တာပါ။သေချာပေါက်ထိမှာပါ” ဟု ၎င်းက ပြောသည်။

ဧပြီ ၂၃ ရက် ည ၁၀ နာရီခွဲခန့်တွင် အင်းစိန် CID ရုံးကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်များလာရောက်စစ်ဆေးချိန်၌ ဖျက်အားပြင်း အဝေးထိန်းဗုံးလေးလုံး ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Y.U.G.A က ထုတ်ပြန်ထားသည်။

“မြေပြင်သတင်းအရ စစ်သားနဲ့ရဲ ထိခိုက်မှုများပါတယ်။ စစ်ဆေးချိန်မှာ စုပြုံနေတဲ့အချိန် ဖောက်ခွဲနိုင်ခဲ့ပါတယ်”ဟု YUGAတာ၀န်ရှိသူက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို People’s Spring အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက CID ဝန်းကျင်ကို ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘဲ စစ်ဆေးရေးများလုပ်ဆောင်ခဲ့သလို ကင်းပတ်နေသည့် ကားအများအပြားတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“စုစုပေါင်း ဗုံးပေါက်တဲ့ အသံက ၆ကြိမ်လောက် ကြားရတာ။ပြီးတော့ ၁၁ နာရီကျော်လောက ပြည်တော်သာ ကွေ့နားလောက်က သေနတ်ပစ်သံ ၁၅ ချက်လောက်ထပ်ကြားရတယ်”ဟု ရွာမရပ်ကွက် အနီးနေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး အင်းစိန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောကြားရာတွင် ပထမအကြိမ် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီးနောက် သေနတ်သံများဆက်တိုက်ကြားရသည့်အပြင် နောက်ထပ်တစ်ကြိမ် ပေါက်ကွဲသံနှစ်ချက်ထပ်ကြားရပြီး အိမ်ပါတုန်ကြောင်း ပြောသည်။

“အင်းစိန်မှာ နှစ်ကြိမ်ဗုံးပေါက်သံကြားပြီး သေနတ်ပစ်တာ ငါးချက်လောက်ရှိတယ်။ ဘယ်နားလဲတော့မသိဘူး။ အသံကတော့ တော်တော်နီးတယ်ကြားရတာ။ ၁၁ နာရီ ၄၂ မှာ ဗုံးနှစ်ကြိမ်ထပ်ပေါက်တယ်”ဟု အင်းစိန်မြို့နယ်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါစစ်ဆင်ရေးကို ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် YUGA (MO-7 EAGLE) တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေး‌ကင်းကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ပစ်ခတ်မှူတွေ ရှိပါတယ်။ ကျွန်တော်တို့ရဲဘော် တွေကတော့ ဘေးကင်းပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။