Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်မြို့နယ်ရှိ အုပ်ကြီးရုံးနှင့် အကျဥ်းဦးစီးအိမ်ထောင်သည်လိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် တိုက်ခိုက်

ယမန်နေ့(နိုဝင်ဘာ ၉)ည ၁၀နာရီခန့်က အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးနှင့် အကျဥ်းဦးစီးဌာန အိမ်ထောင် သည်လိုင်းခန်းကို အဝေးထိန်းဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon UG Association (YUA)က ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၉)ည ၁၀နာရီခန့်က အင်းစိန်မြို့နယ် နံသာကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ် ချုပ်ရေးမှူးရုံးအား YUA အဖွဲ့ဝင် Generation Z Defense Force & Supply Army(GZDF)က အဝေးထိန်းဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် အင်းစိန်မြို့နယ် ရွာမရပ်ကွက်ရှိ စစ်ကောင်စီ အကျဥ်းဦးစီးဌာန အိမ်ထောင်သည် လိုင်းခန်းအား အဝေးထိန်းဗုံးတစ်လုံးဖြင့်ပင် ဖောက်ခွဲသတိပေးခဲ့ကြောင်း YUA က ပြောသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော် လည်း တော်လှန်ရေးရဲဘော် များ အထိအခိုက်မရှိ လုံခြုံဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဆက်လုပ်နေဦးမှာပါ။ အာဏာရှင် မပျက်သုန်းမချင်း”ဟု Yangon UG Association(YUA)မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

အထက်ပါတိုက်ခိုက်မှုများကို YUA ၏ ‘ပြည်သူ့ကမ်းလက်များစစ်ဆင်ရေး’၏ အစိတ်အပိုင်းတစ်ခုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီအပါအဝင် ၎င်း၏ထောက်တိုင်များနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။