Connect with us

Hi, what are you looking for?

သတင်း

အရပ်သားနေထိုင်ရာသို့ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်နေ၍ သတိဖြင့်နေထိုင်ကြရန် မင်းတပ် CDFထပ်မံအသိပေး

ယမန်နေ့ ညနေပိုင်းတွင်လည်း တိုက်နယ်အမှတ် (၂)ဖက်သို့ လက်နက်ကြီးများဖြင့် ပြည်သူများအားထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)

မင်းတပ်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လက်နက်ကြီး ဘေးရန်မှကာကွယ်နိုင်ရန်နှင့်ထိခိုက်မှု နည်းပါးစေရန်အတွက် သတိဖြင့်နေထိုင်ပေးကြရန် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထပ်မံ အသိပေးလိုက်သည်။

ဧပြီ ၂၂ရက်နှင် ၂၃ရက်များက မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဧပြီ ၂၂ရက် တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၃)ရှိ စာသင်ကျောင်းနှင့်ပြည်သူ နေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း တိုက်နယ်အမှတ် (၂)ဖက်သို့ လက်နက်ကြီးများဖြင့် ပြည်သူများအားထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ယခုလအတွင်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ဧပြီ ၁၇ရက် မင်းတပ်နယ် ပန်းပါရွာလေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီး ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။