Connect with us

Hi, what are you looking for?

သတင်း

အရပ်သားနေထိုင်ရာသို့ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်တိုက်ခိုက်နေ၍ သတိဖြင့်နေထိုင်ကြရန် မင်းတပ် CDFထပ်မံအသိပေး

ယမန်နေ့ ညနေပိုင်းတွင်လည်း တိုက်နယ်အမှတ် (၂)ဖက်သို့ လက်နက်ကြီးများဖြင့် ပြည်သူများအားထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)
(မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဥ်။ ဓာတ်ပုံ - CDF)

မင်းတပ်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လက်နက်ကြီး ဘေးရန်မှကာကွယ်နိုင်ရန်နှင့်ထိခိုက်မှု နည်းပါးစေရန်အတွက် သတိဖြင့်နေထိုင်ပေးကြရန် မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထပ်မံ အသိပေးလိုက်သည်။

ဧပြီ ၂၂ရက်နှင် ၂၃ရက်များက မင်းတပ်မြို့နယ် တိုက်နယ်(၃)၊တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဧပြီ ၂၂ရက် တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၃)ရှိ စာသင်ကျောင်းနှင့်ပြည်သူ နေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း တိုက်နယ်အမှတ် (၂)ဖက်သို့ လက်နက်ကြီးများဖြင့် ပြည်သူများအားထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိ ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေသည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ယခုလအတွင်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ဧပြီ ၁၇ရက် မင်းတပ်နယ် ပန်းပါရွာလေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီး ၂ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူများစွာရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။