Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ – နွားထိုးလမ်းပိုင်းတွင် စစ်အုပ်စုလိုက်ပါလာသည့် အိမ်စီးကား မိုင်းဆွဲတိုက်ခိုက်

ဧပြီ၁၄ ရက် ညနေပိုင်းကလည်း နွားထိုးကြီးဘက်မှ မြင်းခြံမြို့နယ်သို့ မောင်းနှင်လာသော စစ်အုပ်စုပါ အိမ်စီးကား သုံးစီးအား ကုန်းသာရွာအနီးတွင် NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(စစ်အုပ်စုလိုက်ပါလာသည့် အိမ်စီးကားအား မိုင်းဆွဲတိုက်ခိုက်နေစဥ်)
(စစ်အုပ်စုလိုက်ပါလာသည့် အိမ်စီးကားအား မိုင်းဆွဲတိုက်ခိုက်နေစဥ်)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ – နွားထိုးလမ်းပိုင်းပေါ်တွင် စစ်အုပ်စုလိုက်ပါလာသည့် အိမ်စီးကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force အဖွဲ့က ပြောသည်။

ယမန်နေ့ (ဧပြီ ၂၂ ရက်) နေ့လည် ၁၂နာရီခန့်က မြင်းခြံဘက်မှ နွားထိုးကြီးမြို့နယ်သို့ မောင်းနှင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အိမ်စီးကား သုံးစီးအနက် တစ်စီးအား သာယာကုန်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး သုံးဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း NPDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ကားထဲက ၆ယောက် လောက်ပါတယ်။ကားက တန်းရပ်မသွားပါဘူး။ အလယ်အစီး တိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

ဧပြီ၁၄ ရက် ညနေပိုင်းကလည်း နွားထိုးကြီးဘက်မှ မြင်းခြံမြို့နယ်သို့ မောင်းနှင်လာသော စစ်အုပ်စုပါ အိမ်စီးကား သုံးစီးအား ကုန်းသာရွာအနီးတွင် NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။