Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

မဟာအောင်မြေ ကျောက်ဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံ အပိုင်းအစ အချို့လည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။

မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား
မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

မန္တလေး ၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ဒီနေ့မနက်ပိုင်းက ကျောက်အရောင်းအဝယ်ပြုလုပ်ရာကတဆင့် တရုတ်ကုန်သည်နဲ့ ဒေသခံ ကျောက်စိမ်းရောင်းသူတွေကြား အချင်းများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒီနေ့မနက်ပိုင်း ၁၀ နာရီ ခန့်က ဖြစ်ခဲ့တာလို့ မဟာအောင်မြေကျောက်ဝိုင်း ရောက် ကျောက်သမားတစ်ဦးထံက သိရပါတယ်။

တရုတ်ကုန်သည်က ကျောက်ကို တန်ဖိုးဖြတ်ပြီးမှ မယူတဲ့အတွက် အချင်းများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြတာလို့ အခင်းဖြစ်ရာ အနီးမှာရှိခဲ့တဲ့ ကျောက်သမားက ရှင်းပြပါတယ်။

” ဈေးပေးပြီး ဈေးကျွံသွားတော့မှ မယူဘူးလုပ်တာ၊ ဒီကောင်တွေ အမြဲအဲလိုလုပ်လာတာ” လို့ လုပ်သက် ၁၀ နှစ်ခန့် သက်တမ်းရှိတဲ့ အဲဒီ ကျောက်သမားအမျိုးသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်လောက ရဲ့ ထုံးစံအရ ဈေးသတ်မှတ်ပေးပြီးရင် ဝယ်ယူရမြဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

မဟာအောင်မြေ ကျောက်ဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံ အပိုင်းအစ အချို့လည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။

ရုပ်သံဖိုင်တစ်ခုထဲမှာတော့ ကျောက်စိမ်းဖြတ်သားစ ရောင်းဝယ်တဲ့ ဆိုင်ရဲ့အမျိုးသမီး ၂ ဦးဟာ မကျေနပ်လို့ စုဝေးလာသူကို တောင်းပန်နေတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာချိန်မှာအခြေအနေငြိမ်သွားပြီး တရုတ်ကုန်သည်တွေ ကျောက်ဝိုင်းထဲက ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့ခင်းပိုင်းမှာ ကျောက်ဝိုင်းလည်းပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်လို့စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးနဲ့စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၅)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပန်းသပိတ်မှာ ပူးပေါင်းပါဝင်ရေး လှုံ့ဆော်တဲ့ဆန္ဒပြပွဲတွေအသီးသီးပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုရင်း ပြိုကျရာကနေ အလုပ်သမားတစ်ဦးထပ်မံသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေကပြောပါတယ် ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁၄)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အကြိုအဖြစ် ဆုတောင်းခြင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုတဲ့အလုပ် လာလုပ်နေတဲ့ ချောင်းဦးက စစ်ရှောင်တဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။