Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

မဟာအောင်မြေ ကျောက်ဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံ အပိုင်းအစ အချို့လည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။

မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား
မန္တလေးမဟာအောင်မြေကျောက်ဝိုင်းမှာ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွား

မန္တလေး ၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းမှာ ဒီနေ့မနက်ပိုင်းက ကျောက်အရောင်းအဝယ်ပြုလုပ်ရာကတဆင့် တရုတ်ကုန်သည်နဲ့ ဒေသခံ ကျောက်စိမ်းရောင်းသူတွေကြား အချင်းများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဒီနေ့မနက်ပိုင်း ၁၀ နာရီ ခန့်က ဖြစ်ခဲ့တာလို့ မဟာအောင်မြေကျောက်ဝိုင်း ရောက် ကျောက်သမားတစ်ဦးထံက သိရပါတယ်။

တရုတ်ကုန်သည်က ကျောက်ကို တန်ဖိုးဖြတ်ပြီးမှ မယူတဲ့အတွက် အချင်းများပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကြတာလို့ အခင်းဖြစ်ရာ အနီးမှာရှိခဲ့တဲ့ ကျောက်သမားက ရှင်းပြပါတယ်။

” ဈေးပေးပြီး ဈေးကျွံသွားတော့မှ မယူဘူးလုပ်တာ၊ ဒီကောင်တွေ အမြဲအဲလိုလုပ်လာတာ” လို့ လုပ်သက် ၁၀ နှစ်ခန့် သက်တမ်းရှိတဲ့ အဲဒီ ကျောက်သမားအမျိုးသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်လောက ရဲ့ ထုံးစံအရ ဈေးသတ်မှတ်ပေးပြီးရင် ဝယ်ယူရမြဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement
Public Service Announcement

မဟာအောင်မြေ ကျောက်ဝိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ရုပ်သံ အပိုင်းအစ အချို့လည်း လူမှုကွန်ရက်မှာ ပျံနှံနေပါတယ်။

ရုပ်သံဖိုင်တစ်ခုထဲမှာတော့ ကျောက်စိမ်းဖြတ်သားစ ရောင်းဝယ်တဲ့ ဆိုင်ရဲ့အမျိုးသမီး ၂ ဦးဟာ မကျေနပ်လို့ စုဝေးလာသူကို တောင်းပန်နေတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာချိန်မှာအခြေအနေငြိမ်သွားပြီး တရုတ်ကုန်သည်တွေ ကျောက်ဝိုင်းထဲက ထွက်သွားတယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့ခင်းပိုင်းမှာ ကျောက်ဝိုင်းလည်းပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်လို့စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။