Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့ စည်ပင်ရုံး ပေါက်ကွဲမှု အမျိုးသမီးတွေအပါအဝင် ၁၆ ဦး စွပ်စွဲဖမ်းဆီးခံရ

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် ရဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ဒေသခံ ၁၆ ဦးကိုတွေ့ရစဉ်
စစ်ကောင်စီတပ် ရဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ဒေသခံ ၁၆ ဦးကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စည်ပင်ရုံး ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသက်မပြည့်သေးတဲ့ ယောင်္ကျားလေးတွေနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ပါတယ်။

ရွှေဘိုမြို့နယ် စည်ပင်ရုံးဟာ ပြီးခဲ့တဲ့စနေနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

Public Service Announcement
Public Service Announcement

အဲဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်က ဒေသခံ ၁၆ ဦးကို PDF တွေနဲ့အားပေး ထောက်ခံသူတွေဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီ က ထုတ်ပြန်ပါတယ်။

အဲဒီဓာတ်ပုံမှတ်တမ်းအရ ဖမ်းခံရသူ ၁၆ဦးထဲမှာ အမျိုးသမီး ၃ ဦးပါဝင်တာတွေ့ရပါတယ်။ ရွှေဘိုမြို့ခံအချို့ကိုမေးမြန်းချက်အရ အသက် မပြည့်သေးတဲ့ ယောင်္ကျားလေး ၂ ဦးလည်းပါတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကတော့ ဖမ်းမိသူ ၁၆ ဦးမှာ PDF ၄ ဦးနဲ့ အားပေးထောက်ခံသူ ၁၂ ဦးဖြစ်တယ်လို့စွပ်စွဲထားပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook