Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

လက်ရှိ မန္တလေးမှာ တစ်နေ့ကို ပျှမ်းမျှ မီးလာချိန်ဟာ ၄ နာရီသာ ရှိနေတယ်လို့မြို့ခံအချို့က ပြောပါတယ်။

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ
မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်တောက်မှုနောက်ဆက်တွဲအနေနဲ့ မန္တလေးမှာ ရေပြတ်တောက်မှုကြုံနေရပြီး တစ်ရက်ကို ရေဂါလံ နှစ်သိန်းခန့်ဖြန့်ဝေပေးနေရတယ်လို့ လူမှုကူညီရေးအသင်းတွေထံကသိရပါတယ်။

မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာတင် ဖြန့်ဝေပေးရတဲ့ ရေဂါလံဟာ ၂ နှစ်သိန်း ဝန်းကျင်ရှိနေတာပါ။

မြို့ပေါ်ရပ်ကွက်နေထိုင်သူတွေဟာ အဝီစိတွင်းရေနဲ စည်ပင်ရေ ကို အသုံးပြုနေကြတာဖြစ်ပြီး ဧပြီလအတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုကိုကြုံလာရချိန်မှာ ရေပြတ်လပ်မှုကို ရင်ဆိုင်နေရတာလို့သိရပါတယ်။

မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ
မန္တလေးမှာ ရေပြတ်လပ်နေလို့နေ့စဉ် ရေဂါလံ နှစ်သိန်းဝန်းကျင် လိုအပ်နေ

စည်ပင်ရေဟာ အချိန်နဲ့လွှတ်ပေးတာပါ။

Public Service Announcement

Public Service Announcement

” ရေလာချိန် မီးမလာ ၊မီးလာချိန် ရေမလာနဲ့ ရေကမရလိုက်ဘူး” လို့ ချမ်းအေးသာစံမြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးကပြောပြပါတယ်။

အလားတူပါပဲ အဝီစိတွင်းရေ အသုံးပြုတွေဟာလည်း မီးပျက်ချိန်များလို့ရေတင်ဖို့ အခက်အခဲဖြစ်နေတာပါ။

လက်ရှိ မန္တလေးမှာ တစ်နေ့ကို ပျှမ်းမျှ မီးလာချိန်ဟာ ၄ နာရီသာ ရှိနေတယ်လို့မြို့ခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook