Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ နယ်စပ်အနီး ထလန်လိုရွာ ဗုံးကြဲခံရလို့ အရပ်သား ၂ ဦးသေဆုံး

The Chin Journal ရဲ့ဖော်ပြချက်အရ သေဆုံးသူ ၂ ဦးဟာ CDM ပြုလုပ်ထားတဲ့အသက် ၆၀ အရွယ် ကျောင်းဆရာမနဲ့ သက်လတ်ပိုင်းအမျိုးသား တို့ဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - CHRO
ဓာတ်ပုံ - CHRO

အိန္ဒိယ နယ်စပ်ကနေ ၂ မိုင်ခန့် အကွာမှာရှိတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ထလန်လိုရွာ မနေ့ညနေပိုင်းက ဗုံးကြဲခံရပြီး အရပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ထံကသိရပါတယ်။

မနေ့ ဧပြီလ ၂၇ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က ဗုံးကြဲခံရတာပါ။ စစ်ကောင်စီတပ်ဟာ ရုရှားလုပ် YAK 130 အမျိုးအစား ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ CHRO က ဆိုပါတယ်။

ဗုံးကြဲခံရလို့ သေဆုံးသွားသူ ၂ ဦးအပြင် ကလေး ၂ ဦး အပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ CHRO ရဲ့စာရင်းအရသိရပါတယ်။

The Chin Journal ရဲ့ဖော်ပြချက်အရ သေဆုံးသူ ၂ ဦးဟာ CDM ပြုလုပ်ထားတဲ့အသက် ၆၀ အရွယ် ကျောင်းဆရာမနဲ့ သက်လတ်ပိုင်းအမျိုးသား တို့ဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - CHRO
ဓာတ်ပုံ – CHRO

ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းကလည်း စစ်ကောင်စီလေတပ်ဟာ ထန်တလန်မြို့နယ်ထဲက ခွာဖိုရွာကိုဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အဲဒီဖြစ်စဉ်မှာတော့ ဒေသခံ ၁၀ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။