Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို- မန္တလေးလမ်းပိုင်းတွင် ယာဉ်နှစ်စီးတိုက်မိ​ပြီး လူနှစ်ဦးသေဆုံး

ယခုရက်ပိုင်းအတွင်း ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Shwebo Rescue
ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-Shwebo Rescue

စစ်ကိုင်းတိုင်း၊ ရွှေဘို- မန္တလေးလမ်းပိုင်းတွင် ယမန်နေ့ညနေပိုင်းက ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိရာ လူနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ် ရာရရှိကြောင်း ​သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၂၈ ရက်) ညနေ ၆ နာရီခွဲဝန်းကျင် က ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာတောင်ဘတ်အထွက်ကွေ့တွင် ခရီးသည်တင်ယာဉ်နှင့် စပါးခွံသယ်ဆောက်လာသောယာဉ် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံးကာ အမျိုးသားနှင့်အမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)က ပြောသည်။

“တစ်စီးက ပခုက္ကူ ချောင်းပြားရွာက ခရီးသည် တင် အန်စာတုံးကားနဲ့ စပါးခွံတွေသယ်လာတဲ့ကား မျက်နှာချင်းဆိုင်တိုက်မိတာ။ ခရီးသည်တင်ယာဉ်က ခရီးသည် ၉ ဦးလိုက်လာပြီး ဖားကန့် တက်မယ့်ကားလို့သိရတယ်။”ဟု Rescue လူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်)က ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးထိခိုက်သူများအား ရွှေဘိုမြို့ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း ရွှေဘို – မန္တလေးလမ်း၊ လှတောကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။