Connect with us

Hi, what are you looking for?

သတင်း

စစ်ကားသုံးစီးကို ​ရေစကြို ပကဖ မိုင်းဆွဲတိုက်ခိုက်

ထိုဖြစ်စဥ်၌ စစ်သား ၂ ဦးသေဆုံးပြီး ပြင်းထန်ထိခိုက်သူ၁၀ဦးထက်မနည်းရှိကာ သေဆုံးသူပိုလာနိုင်ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ရေစကြိုပကဖတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-​ရေစကြိုPDF)
(ရေစကြိုပကဖတပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-​ရေစကြိုPDF)

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီယာဥ်များအား ပီပါမိုင်းဖြင့် နှစ်ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၂ ဦးထက်မနည်းသေဆုံးကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ ဧပြီလ (၃၀)ရက် နံနက် ၁၀နာရီ၄၅မိနစ်ခန့်က ခလရ ၂၅၈ တပ်ထဲမှ ထွက်လာသည်ဟု ယူဆရသော အင်အား၄၀ခန့်ပါ စစ်ကောင်စီ၏ ဖောကား ၃စီး ယာဉ်တန်းအား ပီပါမိုင်း၁လုံး ၊အသေး၅လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် ယာဉ်တန်းအလယ်မှ လိုက်ပါလာသော ဖောကား တစ်စီးနောက်ပိုင်းသည် ပြင်းထန်စွာထိမှန်ပြီးနေရာတွင်ပျက်စီးသွားသည်ဟု ရေစကြိုပကဖအဖွဲ့က ဆိုသည်။

ထိုဖြစ်စဥ်၌ စစ်သား ၂ ဦးသေဆုံးပြီး ပြင်းထန်ထိခိုက်သူ၁၀ဦးထက်မနည်းရှိကာ သေဆုံးသူပိုလာနိုင်ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

” ရေစကြို-ပခုက္ကူလမ်း၊ ကန်သစ်နဲ့ကြီးကန်ရွာကြားပါ။ ပခုက္ကူဘက်ကိုဦးတည်တာ။ ရှေ့ဆုံးကားနှစ်စီးက ​ွေးတွေ(စစ်ကောင်စီစစ်သား)ပါတယ်။ နောက်ဆုံးကားတစ်စီးက ရိက္ခာတွေ။ အလယ်ကကားက ပေပါမိုင်းနဲ့မိသွားတယ်။ သေဆုံးတာနှစ်ယောက် မျက်မြင်ပါ။ အဲထက်လည်းများနိုင်တယ်။”ဟု ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

မွန်းလွဲ၂နာရီခန့်ကလည်း တပ်ထဲမှ မြို့ပေါ်ဝင်လာသော စစ်ကား(၂)စီးအား မြို့အဝင်ဘက်စုံကွေ့အရောက်တွင် နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား (၃)ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း အထက်ပါတာဝန်ခံက ပြောသည်။စစ်​ကေုင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ယနေ့စစ်ဆင်ရေးများတွင် ရဲဘော်များအထိအခိုက်မရှိဟု သိရသည်။

ဧပြီလ ၂၇ ရက် မွန်းလွဲပိုင်းကလည်း ရေစကြိုမြို့၊အမှတ်၁ ရပ်ကွက်နှင့် အမှတ်၃ ရပ်ကွက်တို့တွင် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် Myingyan Black Tiger (MBT)အဖွဲ့တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။