Connect with us

Hi, what are you looking for?

သတင်း

ဟားခါးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်း ၂ခုကို ချင်းတပ် တိုက်ခိုက်

စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်း ကတည်းက ချင်းပြည်နယ်ဟားခါးရှိ စစ်ဗျူဟာသို့လက်နက်ခဲယမ်းရိက္ခာနှင့် လူအင်အားဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ချင်းပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ၊ လက်နက် ၁၃လက်ရ

ချင်းပြည်နယ် ဟားခါးစစ်ဗျူဟာသို့လာသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ယမန်နေ့နှင့် ယနေ့ (မေလ ၁ရက်)တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့က ကလေး- ဟားခါးလမ်းပိုင်း ချွန်ကျုံးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းမှ ကျန်နေသည့် တပ်များနှင့် ချင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက် ၃လက်ရရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် သံချပ်ကာ ယာဉ် ၂စီးအပါအဝင် ထောက်ပို့ယာဉ် ၃၀ စီးခန့်ဖြင့် ဟားခါးသို့လာရောက်စဉ် ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့်သံချပ်ကာယာဉ် ၂စီးအပါအဝင် ယာဉ်အားလုံး ပျက်စီးသွားပြီဖြစ်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Chin Post)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Post)

အဆိုပါ ယာဉ်တန်းမှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဧပြီ ၃၀ရက် ညနေပိုင်း၌ ချွန်ကျုံးရွာအတွင်း တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက် ၃လက်ရရှိခဲ့ကြောင်း၊ ချင်းတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“ကျနော်တို့ဘက်က လက်နက် ၃လက်ရတယ် ကျည်ဆံတချို့ရရှိတယ်ပေါ့။ အဲဒီမှာ တိုက်လေယာဉ်တွေ ဗုံးလာကြဲတယ် ၇လုံးလောက်ပေါ့။ အဲဒါက ဖြစ်စဉ်တစ်ခု။ နောက်တစ်ခုက အခုဖုန်းဆက်နေတဲ့အချိန်မှာပဲဖြစ်နေတာ။ အဲဒါက တပ်မ ၇၇ တက်လာတဲ့ဟာနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ အခု ကျနော်တို့ လက်နက် ၁၀လက်တော့ရထားတယ်။ ဒါပေမဲ့ သူတို့ဘက်ကအထိအခိုက်တော့ အတည်ပြုနေတုန်းပဲ”ဟု ဆလိုင်းထက်နီက ယနေ့ မနက်ပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ဂန့်ဂေါ-ဟားခါးလမ်းအတိုင်း ဟားခါးသို့လာရောက်ရာ ချင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် ဟားခါးသို့မရောက်နိုင်ဘဲ ဖြစ်နေသည်။

“သူတို့ တော်တော်လေး အထိနာမယ်။ လက်နက် ၁၀လက်တော့ ကျနော်တို့ ရရှိထားတယ်။ သူတို့ အထိနာလို့ပဲ ဗုံးကြဲလေယာဉ်လာကြဲသွားတယ်။ ဒီမနက် အစောပိုင်းလည်း လေယာဉ်သံတွေကျနော်တို့ ကြားရတယ်။ ဘယ်မှာ ကြဲသလဲဆိုတာတော့ မသိသေးဘူး။ အဲဒီဘက် (ဂန့်ဂေါ – ဟားခါးလမ်းတိုက်ပွဲ) ကြဲလိမ့်မယ်လို့ ကျနော်တို့ထင်ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီတွေ တက်လာသမျှတော့ အတက်နိုင်ဆုံးခုခံကာကွယ်သွားရုံပဲရှိတာပေါ့”ဟု ဆလိုင်းထက်နီကပြောသည်။

စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းပိုင်း ကတည်းက ချင်းပြည်နယ်ဟားခါးရှိ စစ်ဗျူဟာသို့လက်နက်ခဲယမ်းရိက္ခာနှင့် လူအင်အားဖြည့်တင်းရန် ကြိုးပမ်းလျက်ရှိရာ ချင်းပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် အထိနာလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။