Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နှင့် ဝေးဝေးနေရန်၊ မဖြစ်မနေသွားရန်ရှိပါက သတိထားသွားလာရန် သံတောင်မြောက်ပိုင်းတပ် သတိပေး

သံတောင်မြောက်ပိုင်း(အထူးဒေသ)တွင် နေထိုင်ကြသော အများပြည်သူလူထု သတိထား ဆင်ခြင်နိုင်ရန်ကြေညာချက်ကို ယနေ့ ထုတ်ပြန်ကာ အထက်ပါအတိုင်း သတိပေးခဲ့သည်။

(သံတောင်မြောက်ပိုင်းဒေသ၌ တော်လှန်ရေးတပ်ဖွဲ့ ဝင်များ စစ်ရေးလှုပ်ရှားနေစဥ်။ ဓာတ်ပုံ - သံတောင်မြောက်ပိုင်း - အထူးဒေသ)
(သံတောင်မြောက်ပိုင်းဒေသ၌ တော်လှန်ရေးတပ်ဖွဲ့ ဝင်များ စစ်ရေးလှုပ်ရှားနေစဥ်။ ဓာတ်ပုံ - သံတောင်မြောက်ပိုင်း - အထူးဒေသ)

▪️တောင်ငူ – လွိုင်ကော်လမ်းဓားပြမှု စစ်ကောင်စီတပ်လက်ချက်ဖြစ်ကြောင်း တိုင်ကြားမှုရဟု အသိပေး

စစ်ကောင်စီတပ်သားများရှိနေသော စစ်အထိုင်စခန်းများ ၊ စစ်ဆေးရေးဂိတ်များနှင့် ဝေးဝေးနေရန်၊ မဖြစ်မနေ သွားရောက်ရမည်ဆိုပါက အတတ်နိုင်ဆုံး မိမိလုံခြုံ ရေးနှင့် အသက်အန္တရာယ်မဖြစ်စေရန် အထူးသတိထားဆင်ခြင် သွားလာကြရန် သံတောင်မြောက်ပိုင်း(အထူးဒေသ) တပ်ဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

သံတောင်မြောက်ပိုင်း(အထူးဒေသ)တွင် နေထိုင်ကြသော အများပြည်သူလူထု သတိထား ဆင်ခြင်နိုင်ရန်ကြေညာချက်ကို ယနေ့ ထုတ်ပြန်ကာ အထက်ပါအတိုင်း သတိပေးခဲ့သည်။

ထို့ပြင် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည့် ဓားပြမှု ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်ပြီးလည်း ကျူးလွန်ခဲ့သော မသမာသူများအား အရေးယူ ဖော်ထုတ် နိုင်ရန် အတွက် ပြည်သူလူထုများမှ ပူးပေါင်းပါဝင် ရန် တိုက်တွန်းထားသည်။

ယမန်နေ့ (ဧပြီ ၃၀ရက်)တွင် တောင်ငူ-လွိုင်ကော် ကားလမ်း၊ ထုံးဘိုကြီးရွာ နှင့် သံမိုးတောင်ကျေးရွာအကြားရှိ ညောင်ကုလားထိုင်ကုန်းတွင် ဓားပြမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူလူထုများ၏ ပြောကြားချက် အရ လိပ်သိုလ်မြို့မှ အိမ်စီးကား စီးနင်းလာသော ပြည်သူ တစ်ဦးအားမသမာသော လူတစ်စုမှ ဆိုင်ကယ်(၃)စီး၊အရပ်ဝတ်များဖြင့် ၎င်းအိမ်စီးကားအား ပစ္စတိုသေနတ်ပြ၍ ရိက္ခာဝယ်ယူရန်အတွက် အကြောင်းပြကာ ကျပ်သိန်း ၃၀ဓားပြတိုက်ယူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဉ်သည် ပြည်သူလူထုနှင့် မိမိတို့ တော်လှန်ရေးတပ်ဖွဲ့ များအကြားတွင် ယုံကြည်မှုပျက်ပြားစေရန် နှင့် ပြည်သူလူထု အများကြားအထိတ်တလန့် ဖြစ်စေရန် ရည်ရွယ်သော ဓားပြတိုက်မှုအဖြစ်ဒေသခံ ပြည်သူများ၏ ပြောကြားချက်များ၊ စာဖြင့်ပေးပို့ တိုင်ကြားမှုအားလက်ခံရရှိခဲ့ကြောင်း သံတောင်မြောက်ပိုင်းတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် သံတောင်မြောက်ပိုင်း(အထူးဒေသ) ရှိ တော်လှန်ရေးတပ်ရင်း၊တပ်ဖွဲ့ များနှင် လုံးဝမသက်ဆိုင်ပါကြောင်း၊ ဓားပြမှုတွင် ပါဝင်ပတ်သတ်သောသူများသည် စစ်ကောင်စီ နှင့် ၎င်းတို့၏ လက်ဝေခံ ဖြစ်သော စစ်ကောင်စီတပ်သားများ၊ပျူစောထီးများ၏ လုပ်ရက်ဖြစ်သည်ဟု ဒေသခံ များ၏ ပြောကြားချက်များ ၊တိုင်ကြားမှုများအရ သိရှိရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။