Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံ လဝကရုံး လုံခြုံရေးယူပေးသည့်စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံး လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army၏တာဝန်ရှိသူက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံးအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဩဂုတ်-၃၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော လူဝင်မှုကြီးကြပ်‌ရေးရုံး လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army၏တာဝန်ရှိသူက ပြောသည်။

“ လဝကမှာက ရွေးကောက်ပွဲ ကိစ္စတွေလုပ်နေတာသတင်းရတယ်။နေ့လည်ပိုင်းလုပ်ချင်ပေမဲ့ကျနော်တို့လုံခြုံရေးအရ ညဘက်ကိုရွေးပြီး အစောင့်တွေကိုတီးတာ” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၂ရက် ည ၁၀နာရီကျော်တွင် Yangon Armyနှင့် အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းပြီး ပြင်းအားမြင့်လက်ပစ်ဗုံး သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အနောက်ပိုင်းခရိုင်ပကဖကလည်းယင်းတိုက်ခိုက်မှုအကြောင်းကို “ တရားမဝင်ရွေးကောက်ပွဲအား ဆန့်ကျင်ကြ” ဟု ရေးသား၍ ထုတ်ပြန်ထားသည်။

“ လုံခြုံရေးတွေရှိတယ်။ ထိဖို့များတယ်” ဟု ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူက ဆိုသည်။

ဆက်လက်၍ စစ်ကောင်စီနှင့်ပတ်သက်သော ပစ်မှတ်များ အပါအဝင် တရားမဝင်ရွေးကောက်ပွဲအတွက် ပါဝင်လုပ်ဆောင်နေသူအားလုံးကို ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု Yangon Army ကထုတ်ပြန်ထားသည်။

“ ကျနော်တို့ကိုပြည်သူတွေ သတင်းအမြဲပေးနေပါတယ်။ရတဲ့သတင်းအပေါ်မူတည်ပြီး ပစ်မှတ်တွေကိုတိုက်ခိုက်သွားမှာပါ။လူပုဂ္ဂိုလ်ပစ်မှတ်တွေလဲတိုက်ခိုက်မှာပါ။” ဟု တရားမဝင်ရွေးကောက်ပွဲအတွက် ပါဝင်ကူညီသူများကို တိုက်ခိုက်မည့်အကြောင်းကို အထက်ပါတာဝန်ရှိသူကပြောသည်။

Yangon Armyနှင့် အနောက်ပိုင်းခရိုင် ပကဖ တို့သည် ဇူလိုင်ကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းအတက်သင်သင်တန်းကျောင်းတို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားအချို့ကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အမှန်တကယ် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေမှာ နည်းပါးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...