Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ မတရားဖမ်းဆီးထောင်ချခံထားရသူ ၅၆၀ ကျော် လွတ်မြောက်လာ

လွတ်မြောက်လာသူ ၅၆၉ ဦး မှာ အမျိုးသား ၅၂၅ ဦးနဲ့ အမျိုးသမီး ၄၄ ဦး ပါဝင်တယ်လို့ အိုးဘိုထောင်အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

မန္တလေးအိုးဘိုထောင် ( ပုံဟောင်း )
မန္တလေးအိုးဘိုထောင် ( ပုံဟောင်း )

ဆူပူအောင်လှုံဆော်မှုနဲ့ မတရားဖမ်းဆီးထောင်ချခံထားရသူ ၂,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ လွှတ်ပေးရာမှာ မန္တလေး အိုးဘိုထောင်ကနေ ၅၆၉ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူ ၅၆၉ ဦး မှာ အမျိုးသား ၅၂၅ ဦးနဲ့ အမျိုးသမီး ၄၄ ဦး ပါဝင်တယ်လို့ အိုးဘိုထောင်အကျဉ်းဦးစီးဌာနက ဆိုပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီကပြန်လွှတ်ပေးလိုက်သူတွေဟာ ထောင်ဒဏ်စေ့ခါနီး လပိုင်းမျှသာလိုတော့တဲ့သူတွေအများဆုံးပါဝင်လာကြတာပါ။

စစ်ကောင်စီဘက်ကတော့ ထောင်ဒဏ်ကျခံဖို့ ၁ နှစ်အောက်ကျန်တဲ့သူတွေကိုလွှတ်ပေးတာလို့ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေး အိုးဘိုထောင်က လွတ်မြောက်လာသူတွေထဲမှာ CDM ကျောင်းဆရာမတွေ ၊ ရှေ့နေတွေနဲ့ ဆန္ဒပြလို့ ဖမ်းခံရသူတွေပါဝင်ကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

သတင်း

မန္တလေးအိုးဘိုထောင်မှာထောင်ဒဏ် ၁၆၄ နှစ်အကျဉ်းချခံရတဲ့နိုင်ငံရေး အကျဉ်းသားတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရရှိတဲ့အတွက် အခုလ ဇူလိုင် ၂၀ ရက်မှာထောင်တွင်းဆုံးပါးသွားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Trending

Facebook