Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ဖမ်းပြီးပြန်လွှတ်​ပေးသူများတွင်လက်ရွေးစင် ဘောလုံးသမား ကောင်းစည်သူပါဝင်

ကောင်းစည်သူ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်မှာမူ ​လွတ်မြောက်ခြင်း မရှိသေးကြောင်း အားကစားနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

(အာဏာသိမ်းစစ်​ကောင်စီလက်ထက် ပထမဆုံးအဖမ်းခံခဲ့ရ​​သော လက်​ရွေးစင်​ဘောလုံးသမား​ကောင်းသည်သူ။ ဓါတ်ပုံ-MFF)
(အာဏာသိမ်းစစ်​ကောင်စီလက်ထက် ပထမဆုံးအဖမ်းခံခဲ့ရ​​သော လက်​ရွေးစင်​ဘောလုံးသမား​ကောင်းသည်သူ။ ဓါတ်ပုံ-MFF)

▪︎​သို့​သော် ကောင်စည်သူ၏အကိုရင်း MMA ကစားသမားဖိုး​​သော် ပြန်မလွတ်​သေး

စစ်​ကောင်စီက ကဆုန်လပြည့်​​နေ့တွင် မတရားဖမ်းဆီးထားသူများမှ ၂၅၀၀ ကျော်ကိုပြန်လွှတ်​ပေး​ကြောင်း​ကြေညာရာတွင် မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကောင်းစည်သူ ပါဝင်ခဲ့ကြောင်း ဘောလုံးနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ သိရသည်။

” ကောင်းစည်သူ ပြန်လွတ်တာကို သူ့အမျိုးသမီးကနေတဆင့် သိရတာပါ။ ညနေပိုင်းက အိမ်ပြန်ရောက်နေပြီလို့သိရပါတယ်။ ပြန်လွတ်တယ် ကြားရတော့ ဝမ်းသာမိတယ် ” ဟု ကောင်းစည်သူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကောင်းစည်သူသည် ပြီးခဲ့သည့် ၂၀၂၁ မေလအတွင်းက ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်၏ ကန်တော်ကြီးအတွင်းရှိ အားကစားရုံ ပေါက်ကွဲမှုနှင့် ဆက်စပ်၍ စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကောင်းစည်သူ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ၎င်း၏ အစ်ကိုဖြစ်သူ MMA ကစားသမား ဖိုးသော်မှာမူ ​လွတ်မြောက်ခြင်း မရှိသေးကြောင်း အားကစားနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက ​မေ၃ ရက်တွင်အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲဘက်စခန်းများတွင် အကျဉ်းကျခံနေရသည့် ၅၀၅ (က)နိုင်ငံရေးအကျဥ်းသား ၂၁၅၃ ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့​ကြောင်းထုတ်ပြန်သည်။သို့​သော် နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအဖွဲ့ (AAPP)က ​မေ ၅ ရက် ည​နေ ၅ နာရီအထိရရှိ​သောစာရင်းအရ ပြန်လွတ်​မြောက်သူ ၁၂၇၇ ဦးသာအတည်ပြုနိုင်​သေး​ကြောင်းထုတ်ပြန်သည်။

အဆိုပါလွတ်မြောက်လာသူများအနေဖြင့်နောက်တစ်ကြိမ် ပြစ်မှုကျုးလွန်ပါက ကြွေးကျန် ထောင်ဒဏ်ပါ ထပ်ပေါင်း ကျခံရမည် ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook