Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလလုံခြုံရေးကောင်စီထံမှ မြန်မာပြည်သူများ ဘာကိုမျှော်လင့်နိုင်မည်လဲဟု သံအမတ်ကြီး ကောင်စီကိုမေးခွန်းထုတ်

ယင်းထုတ်ပြန်ချက်များ၊ ဆုံးဖြတ်ချက်များတွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေး၊ ထိန်းသိမ်းထားသည့် ရွေးကောက်ခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅)ချက် အမြန်ဆုံးအကောင်အထည်ဖော်ရေးများ တောင်းဆိုထားသည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မေးခွန်းထုတ်မေးမြန်းနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)
(သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မေးခွန်းထုတ်မေးမြန်းနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)

▪︎နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်က ပြည်သူများအပေါ်သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဦးမည်ဟု သတိပေး

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ဘာကိုမျှော်လင့်နိုင်မည်လဲဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက ကောင်စီ၌ မေးခွန်းထုတ်သည်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီ၏ ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်အောက်မှ ငြိမ်းချမ်းရေးရေရှည်တည်တံ့ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို မေလ ၃ ရက်တွင် ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်၏ ရက်စက်သည့်လုပ်ရပ်များနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် IIMM တို့မှ အကျယ်တဝင့် ဖော်ပြခဲ့ကြပြီး ကုလသမဂ္ဂ၏ ကြိုတင်သတိပေးရေး အချက်များကို အခြေပြုကာ လုံခြုံရေးကောင်စီက မည်ကဲ့သို့ ထိရောက်သော ဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်မည်လဲဟု သံအမတ်ကြီးက မေးခွန်းထုတ်သည်။

ပဋိပက္ခတစ်ခုဖြေရှင်းရေးတွင် လုံခြုံရေးကောင်စီအတွင်း မတူညီသောအမြင်များ ရှိသည်ကို နားလည်သော်လည်း လုံခြုံရေးကောင်စီက စစ်တပ်မှ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှုများအပေါ် ရှုတ်ချမှု၊ အပြစ်ကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် ဆောင်ရွက်မှု၊ ပြည်သူများအသက် ထပ်မံဆုံးရှုံးမှု မဖြစ်စေရန် ကာကွယ်ပေးမှုများကို ပြတ်ပြတ်သားသား လုပ်ဆောင်သင့်ကြောင်း၊ စစ်တပ်သည် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအတွက် နိုင်ငံတကာ၏အရေးယူမှုကို မခံရသရွေ့ စစ်တပ်မှ ပြည်သူများအပေါ် သတ်ဖြတ်နေခြင်းကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေဦးမည်ဖြစ်ကြောင်း သံအမတ်ကြီးက ကောင်စီသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ အရပ်သားပြည်သူများ အပေါ် လူမဆန်သောသတ်ဖြတ်မှုများကို လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ပြီး ကောင်စီ၏ ဆုံးဖြတ်ချက်အဆို “၂၆၆၉” ၏ နောက်ဆက်တွဲအဖြစ် ထိရောက်သောလုပ်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးရန် သံအမတ်ကြီးက လုံခြုံရေးကောင်စီကို တောင်းဆိုသည်။

ယင်းသို့ဆောင်ရွက်ပေးခြင်းမှာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော အကြပ်အတည်းကို ဖြေရှင်းပေးရုံသာမက မြန်မာနိုင်ငံ၏ ပဋိပက္ခလွန်ကာလ အောင်မြင်သော ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်ပေါ်ရေးအတွက် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ကောင်စီသို့ အသိပေးသည်။

၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်မှ တရားမဝင်အာဏာသိမ်းခဲ့သည့် (၂၇) လ အတွင်း စစ်တပ်၏ လူမဆန်သော ရက်စက်သတ်ဖြတ်မှုများနှင့် ပြည်သူများအား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် တုံ့ပြန်ရာတွင် လုံခြုံရေးကောင်စီမှ သတင်းထုတ်ပြန်ချက် (၇) စောင်၊ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (၁) စောင်နှင့် မြန်မာ့သမိုင်းတွင် ပထမဆုံးလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။

ယင်းထုတ်ပြန်ချက်များ၊ ဆုံးဖြတ်ချက်များတွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေး၊ ထိန်းသိမ်းထားသည့် ရွေးကောက်ခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေးနှင့် အာဆီယံဘုံသဘောတူညီချက် (၅)ချက် အမြန်ဆုံးအကောင်အထည်ဖော်ရေးများ တောင်းဆိုထားသည်။

သို့သော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို စစ်တပ်မှ လေးစာမှုမရှိ လျစ်လျူရှုလျက်ရှိပြီး အပြစ်မဲ့ပြည်သူ (၃,၄၀၀)ဦးကျော်ကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ကာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆)ကြိမ် ပြုလုပ်ကျူးလွန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

မြန်မာပြည်သူများက​ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်သော်လည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက အသိပေးသည်။

သတင်း

မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန်လုပ်ဆောင်ရမည်ဟု သံအမတ်ကြီးက ပြောသည်။