Connect with us

Hi, what are you looking for?

သတင်း

ကျန်းမာရေးကဏ္ဍအား တိုက်ခိုက်ခြင်းအပါအဝင် စစ်ကောင်စီ၏ လုပ်ရပ်များကို အရေးယူရန် နိုင်ငံတကာက မသိကျိုးကျွန်ပြုနေဆဲဟု NUG ကျန်းမာရေး ထုတ်ပြန်

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ/ဆေးခန်းများအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေခြင်းအား အသိပေးထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MoH.NUG)
(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MoH.NUG)

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဥပဒေ ချိုးဖောက်မှုများ အပေါ် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံးတားဆီးအရေးယူရန်အကြိမ်ကြိမ် အသိပေးတိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး၍ မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၈ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံ/ဆေးခန်းများအပါအဝင် ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများမှာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေခြင်းအား အသိပေးထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ကုသပေးနေသည့် ဆေးရုံ၊ဆေးခန်းများအပေါ် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ကို ယခုဧပြီလအတွင်း ရည်ရွယ်ချက်ထား၍ အရှိန်တိုးမြှင့်ကျူးလွန်နေသည်ဟုဆိုသည်။

ဧပြီအတွင်း ကျန်းမာရေးကဏ္ဍအပေါ် စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့သည့်စဉ်များမှာ ဧပြီ ၂ရက် က ထီးချိုင့် ညောင်ပင်သာ တိုက်နယ်၊ ဧပြီ ၅ရက် က ရွှေကူမြို့နယ် စီသာတိုက်နယ်ဆေးရုံ၊ ဧပြီ ၇ရက်က ကယား-ရှမ်းနယ်စပ်ရှိ အရေးပေါ် ကယ်ဆယ်ရေး ဆေးအဖွဲ့ နေရာ၊ ဧပြီ ၁၈ရက်တွင် မြိုင်မြို့နယ် မကျည်းကန် ပြည်သူ့ဆေးရုံ၊ ဧပြီ ၂၅ရက်တွင် ရှမ်းတောင် ဖယ်ခုံမြို့နယ် ဆောင်းဖွေး ပြည်သူ့ဆေးရုံ တို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မတ်လ ၂၄ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MoH.NUG)
(စစ်ကောင်စီက ကျန်းမာရေးနှင့်ပတ်သက်သည့် အဆောက်အဦးများအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – MoH.NUG)

စစ်ကောင်စီက ထိုကဲ့သို့ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာဥပဒေများနှင့် ပြည်တွင်း ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် အမြန်ဆုံး တားဆီးအရေးယူရန် မိမိတို့အနေဖြင့် အကြိမ်ကြိမ် အသိပေးတိုက်တွန်း ခဲ့သော်လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်ဆောင်ရွက်ချက်များမှာ နှေးကွေး၍ မသိကျိုးကျွန် ပြုနေကြဆဲ ဖြစ်ကြောင်း ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုများ ရှိနေသည့်တိုင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ နှင့်လက်တွဲ၍ စွမ်းစွမ်းတမံ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။