Connect with us

Hi, what are you looking for?

သတင်း

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်

ယင်းဇာတ်ကားသည် CDM စစ်ဗိုလ်တစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ပြသခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်
မသောက်မိသောမိုးခါးရေ ရုပ်ရှင်ကို ကိုပေါက်၏ YouTube ချန်နယ်ကနေပြသမည်

နွေဦးတော်လှန်‌တော်လှန်ရေးအတွက် ရန်ပုံငွေ သိန်းတစ်သောင်းကျော်ရှာဖွေပေးနိုင်ခဲ့သည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ဒါိရိုက်တာကိုပေါက်၏ ကိုယ်ပိုင် YouTube ချန်နယ်မှ မေ ၆ ရက်တွင်တင်ပေးမည်ဖြစ်သည်။

“မကြည့်ရသေးသော ပရိသတ်ကြီးအတွက် Kopauk youtube channel ကနေပြသပေးတော့မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် subscribe လုပ်ထားပေးကြပါအုံး။” ဟု ကိုပေါက်က အသိပေးထားသည်။

မေလ ၆ ရက် ညနေ ၅ နာရီတွင် YouTube ၌ တင်ပေးမည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ယင်းဇာတ်ကားသည် CDM စစ်ဗိုလ်တစ်ဦးအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ပြသခဲ့သည့် ရုပ်ရှင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

မသောက်မိသော မိုးခါးရေ ရုပ်ရှင်တစ်ကားလုံးကို iPhone 11 Max နှင့် ရိုက်ကူးတည်းဖြတ် ထားကြောင်း ကိုပေါက်ကဆိုသည်။

ယင်းဇာတ်ကားမှရရှိလာသည့် ရန်ပုံငွေ သိန်းတစ်သောင်းကျော်ကို ကာကွယ်ရေးဝန်ကြီးဌာနနှင့်တိုင်ပင်၍ မြေပြင်မှလိုအပ်သည့်နေရာများကို လှူဒါန်းခဲ့ကြောင်း ကိုပေါက်ကပြောကြားထားသည်။

လတ်တလောတွင် ကိုပေါက်၏ တော်လှန်ရေးဖြတ်သန်းမှုများကို ရိုက်ကူးထားသော ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင်ကိုနိုင်ငံအသီးသီး၌ ရုံတင်ပြသလျက်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့ မတ်လခန့်ကစတင်ပြီး ပြည်တွင်းက ရုပ်ရှင်ရုံတွေမှာတင်သမျှ ရုပ်ရှင်ဇာတ်ကားတိုင်း လူမဝင်တာရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့တယ်။ တင်တင်ချင်းသောကြာနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့မှာ လူအနည်းငယ်ရှိပေမဲ့ တနင်္လါကစပြီး ကြည့်မဲ့သူမရှိတော့ဘူး။

ဆောင်းပါး

ပြည်ပရောက်နေတဲ့ ရုပ်ရှင်ဝါသနာအိုးတွေ မြန်မာပြည်မှာ တစ်ပတ်ကို မြန်မာရုပ်ရှင် ​ဇာတ်ကားသစ်နှစ်ကား ရုံတင်နေတာ တော်တော်အိုကေနေပြီလားလို့ ထင်မိကြမှာပါ။ ရုပ်ရှင်ပရက်ရှိုးတွေမှာ လူတွေစည်ကားနေတာတွေကိုကြည့်ရင်း မြန်မာနိုင်ငံမှာ စစ်တပ်က တကယ်ကော အာဏာသိမ်းထားတာ ဟုတ်ပါ့မလားလို့တောင် ထင်မိသွားနိုင်ပါတယ်။ တကယ်တော့ မိတ်ဆွေထင်သလို လုံးဝ မဟုတ်ပါဘူး။

သတင်း

တော်လှန်အနုပညာရှင် ဒေါင်းပါဝင် သရုပ်ဆောင် ထားတဲ့ ထိုင်းရုပ်ရှင် Omukade ကို မေ ၂၁ ရက်မှာ ပြသမယ်လို့ Netflix ရုပ်သံလိုင်းက ကြေညာထားပါတယ်။

ရုပ်ရှင်ခံစားမှု

မိုးရွာတဲ့ မနက်ခင်းတွေဆို ကျွန်တော် ကျောင်းမသွားချင်ဘူး။ မိုးရွာပြီဆိုရင် ကျွန်တော့်အတွက် သီးခြားကမ္ဘာလေးတစ်ခုဖြစ်စေတဲ့ အဲဒီနေရာလေးမှာ အချိန်ကုန်ဆုံးလေ့ရှိတယ်။ တိုကျိုမြို့လယ်ခေါင်က Shinjuku Gyoen National Garden ထဲမှာရှိတဲ့ ဂျပန်ရိုးရာ ဇရပ်လေးပါ။ ပတ်ပတ်လည်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ ဝန်းရံထားပြီး၊ ဘေးမှာတော့ ရေကန်ကျယ်ကြီးတစ်ခု ရှိပါတယ်။