Connect with us

Hi, what are you looking for?

သတင်း

သာကေတမီးလောင်မှု နေအိမ်ခြောက်လုံး ဆုံးရှုံး

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် (၆)ရပ်ကွက် အောင်သုခ ၂၃ လမ်းရှိ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

(နေအိမ်မီးလောင်နေသည်ကို ဝိုင်းဝန်းမီးငြှိမ်းသတ်နေကြစဉ်။ ဓာတ်ပုံ - သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့)
(နေအိမ်မီးလောင်နေသည်ကို ဝိုင်းဝန်းမီးငြှိမ်းသတ်နေကြစဉ်။ ဓာတ်ပုံ - သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့)

▪️စစ်ကောင်စီမတရားချိတ်ပိတ်ထားသည့် NLD ပါတီ အမတ်နေအိမ်မှစတင်လောင်ခဲ့သောကြောင့် ရှို့မီးဖြစ်နိုင်ဟု ဒေသခံများသုံးသပ်

ရန်ကုန်မြို့ သာကေတမြို့နယ်(၆)ရပ်ကွက်ရှိ အာဏာသိမ်းစစ်ကောင်စီ မတရားချိတ်ပိတ်ထားသော NLDပါတီ လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ရာ ရှို့မီးဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ထားသည်။

“ပိတ်ထားတဲ့အိမ်လို့တော့ ကြားတယ်။ အဲဒီ့အိမ် ကစတာဆိုရင်တော့ ရှို့မီးပဲဖြစ်မှာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။

မေလ ၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် သာကေတမြို့နယ် (၆)ရပ်ကွက် အောင်သုခ ၂၃ လမ်းရှိ နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်မှ Level 2 အဆင့် မီးငြှိမ်းသတ်ယာဉ်များစေလွှတ်မီးငြှိမ်းသတ်ခဲ့ရသည်။

နေအိမ်ခြောက်လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းနေရာသို့သွားရောက်ကူညီသည့် လူမှူကူညီရေးအသင်းများကပြောကြားထားပြီး မီးလောင်မှု အကြောင်းရင်းနှင့်ဆုံးရှုံးမှုတန်ဖိုး မသိရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဖြူဖြူစင်စင်ချွေးနည်းစာနဲ့ကာလကြာရှည် ပင်ပင်ပန်းပန်းတည်ဆောက်ခဲ့ရတယ်။မကြာမကြာ Google Maps ကနေ သတိရလို့ကြည့်ဖြစ်တယ်။ မနေ့ညကတောင်အိမ်အတွင်း ပုံလေးပြန်ကြည့်ဖြစ်တယ်။ဒါပေမယ့်မငိုကြနဲ့ သမီးတို့။အညာမြေထက်စာရင်အနန့်ပါထက်စာရင် ပဇီကြီးထက်စာရင် အတူတူပြာချခံရတဲ့အိမ်နီးနားချင်းတွေထက်စာရင်၊ ဖေဖေတို့ကတော်သေးတယ်။အရင်းခံကတော့ မအလပဲအရေးတော်ပုံအောင်ရမည်။”ဟု NLD လွှတ်တော်အမတ်ကျော်ဇင်ဦးက မီးလောင်သွားသည့် နေအိမ်ပုံနှင့်အတူ ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ယင်းမီး‌လောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၁၅ စုရှိပြီး မီးဘေးသင့်ပြည်သူ ၅၀ကျော်ရှိခဲ့ကြောင်း ၎င်းက ရေးသားထားသည်။

စစ်ကောင်စီသည် ရန်ကုန်တိုင်း ခရမ်းမြို့နယ်၌ ခရမ်းPDF ခေါင်းဆောင်ကိုမီးပွား၏ မတရားချိတ်ပိတ်ထားသည့် နေအိမ်ကို ဧပြီ ၁၅ ရက်က မီး‌ရှို့သည့်ဖြစ်စဉ်လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။