Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ် စပါးတွင်းပျူရွာရှိ စစ်ကောင်စီတပ် အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် အင်အားတိုးချဲ့ချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (မေလ ၄ရက်) ညနေပိုင်းက အရာတော် တပ်မှတဆင့် စပါးတွင်းပျူရွာကို တပ်သားများ အင်အားထပ်တိုးထားချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိနိုင် ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ အရာတော်နယ်၏ အရှေ့ဘက်ရှိ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာတွင် တပ်စွဲထားသော စစ်အုပ်စုကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စပါးတွင်းကို မနေ့က စစ်ကောင်စီတပ်သား အင်အား ၃၀လောက် ထပ်တိုးထားတာ။ ညနေပိုင်းလောက်မှာ စပါးတွင်းကို ပစ်ခတ်ခဲ့တာပါ။ ညပိုင်းမှာတော့ ရွာသာကြီး အထိုင်ချ တပ်စွဲထားတဲ့ စခတွေကို ပစ်ခဲ့တာ။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲနှစ်ရွာက စစ်ကြောင်းထိုးတာတော့ လက်တလော မရှိသေးပါဘူး”ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မြင်းဖြူရှင်အဖွဲ့ (၁၊ ၂၊ ၃၊ ၄၊ ၅)စသည့်အဖွဲ့ခွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီမှုများ ပေးကြရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။