Connect with us

Hi, what are you looking for?

သတင်း

အရာတော်နယ် စပါးတွင်းပျူရွာရှိ စစ်ကောင်စီတပ် အား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)
(စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စပါးတွင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် အင်အားတိုးချဲ့ချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (မေလ ၄ရက်) ညနေပိုင်းက အရာတော် တပ်မှတဆင့် စပါးတွင်းပျူရွာကို တပ်သားများ အင်အားထပ်တိုးထားချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိနိုင် ကြောင်း မြင်းဖြူရှင်ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ အရာတော်နယ်၏ အရှေ့ဘက်ရှိ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာတွင် တပ်စွဲထားသော စစ်အုပ်စုကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

“စပါးတွင်းကို မနေ့က စစ်ကောင်စီတပ်သား အင်အား ၃၀လောက် ထပ်တိုးထားတာ။ ညနေပိုင်းလောက်မှာ စပါးတွင်းကို ပစ်ခတ်ခဲ့တာပါ။ ညပိုင်းမှာတော့ ရွာသာကြီး အထိုင်ချ တပ်စွဲထားတဲ့ စခတွေကို ပစ်ခဲ့တာ။ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အဲနှစ်ရွာက စစ်ကြောင်းထိုးတာတော့ လက်တလော မရှိသေးပါဘူး”ဟု မြင်းဖြူရှင် ပြောက်ကျားအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား မြင်းဖြူရှင်အဖွဲ့ (၁၊ ၂၊ ၃၊ ၄၊ ၅)စသည့်အဖွဲ့ခွဲများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီမှုများ ပေးကြရန် မေတ္တာရပ်ခံထားသည်။

ယမန်နေ့ မွန်းလွဲပိုင်းကလည်း အရာတော်မြို့ စက်မှုလယ်ယာရုံးရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။