Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာက အရေးယူပေးရန်တောင်းဆိုသည့် အရေးကြီးအဆို ပြည်​ထောင်စုလွှတ်တော်သို့တင်သွင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက စစ်ကောင်စီ၏ ကျူးလွန်မှုများကို အမြန်အဆုံးသတ်နိုင်ရေး အရေးယူပေးရန်အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

(စစ်တပ်၏ ပူးပေါင်းစစ်ဆင်ရေးတွင်တွေ့ရသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့။ဓာတ်ပုံ - cincds)
(စစ်တပ်၏ ပူးပေါင်းစစ်ဆင်ရေးတွင်တွေ့ရသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့။ဓာတ်ပုံ - cincds)

အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်သွင်းခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ယနေ့(မေလ ၈ရက်)နံနက် ၁၀နာရီတွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက စစ်ကောင်စီ၏ ကျူးလွန်မှုများကို အမြန်အဆုံးသတ်နိုင်ရေး အရေးယူပေးရန်အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICJ)တွင် တရားရင်ဆိုင်နေရသည့် ရာဇဝတ်သားစစ်တပ်ခေါင်းဆောင်များအား မြန်မာပြည်သူများအပေါ် ထပ်မံပြီး နိုင်ငံတကာ ရာဇဝတ်မှုများကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်နေသည်မှာထင်ရှားပေါ်လွန်နေကြောင်း လွှတ်တော်အမတ် ဒေါ်ရှားမီးက ဆွေးနွေးခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ အမြန်ဆုံးအဆုံးသတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရေး ဒီကနေ့ အထူးအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချမှတ်ပေးနိုင်ရန် လေးစားစွာ တင်ပြရင်းနိဂုံးချုပ်ပါတယ်”ဟု ဒေါ်ရှားမီးက ဆွေးနွေးခဲ့သည်။

အရေးကြီးအဆိုကို ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးခဲ့သည်။

ကုလလုံခြုံရေးကောင်စီက မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန် အာဆီယံနှင့် နိုင်ငံတကာက တောင်းဆိုနေသည့်ကြားက စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် ပိုမိုရက်စက်ကြမ်းကြုတ်သည် အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့သည်။

ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုများဖြစ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှု၊ ကချင်ပြည်နယ် ဖားကန့်ဒေသ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှု၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရမှု အပါအဝင် စစ်ကောင်စီ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများကို လွှတ်တော်သို့တင်ပြဆွေးနွေးခဲ့သည်။ ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အရပ်သား ပြည်သူများကို စစ်ကောင်စီက သတ်ဖြတ်ခြင်း၊ ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ၌ ပြည်သူများကို ကားပေါ်တင်မီးရှို့သတ်ဖြတ်ခြင်း စသည့် စစ်ကောင်စီတပ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များကို ဆွေးနွေးတင်ပြသည်။

ထို့အပြင် မြေပြင်ထိုးစစ်ဆင်ရာ၌ အရပ်သားတွေကို လူသားဒိုင်းအဖြစ်အသုံးချခြင်း၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများ၌ တပ်စွဲခြင်း အပါအဝင် လူမဆန်သော ရာဇဝတ်မှုများကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဥပဒေနှင့် လူ့အခွင့်အရေးကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေကြောင်း ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌကလည်း စစ်ကောင်စီအနေဖြင့်အရပ်သားပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအပါအဝင် အကြမ်းဖက်စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့ အာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် အရက်စက်ဆုံး လုပ်ရပ်များလုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူ့ကို ရန်သူအဖြစ် သတ်မှတ်ကာ စစ်တပ်က အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို အဆုံးသတ်ပေးရန်လိုအပ်လျက်ရှိပြီး အာဆီယံအပါအဝင် နိုင်ငံတကာက ထိရောက်သည့် နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူ့လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန်နွေဦးတော်လှန်ရေးကြီးကို ပိုမိုကောင်းမွန် မြန်ဆန်စွာ အဆုံးသတ်နိုင်ရေး ကျရာကဏ္ဍက ပါဝင်ဆောင်ရွက်သွားမည်ဟုလည်း ဦးအောင်ကြည်ညွန့်က ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်အထူးအစည်းအဝေးသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။