Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီဗိုလ်ကြီးနှင့်မိသားစုအား PDFများဖမ်းဆီး

“ကျွန်တော်တို့က ထိန်းသိမ်းပေးထားတာပဲရှိတာပါ။ NUGက ဆင်းလာတဲ့ ဗိုလ်မှူးတွေဆီကို အပ်လိုက်တာ။ ကျွန်တော်တို့ လက်ဖျားနဲ့တောင်မထိဘူး။”ဟုဖမ်းဆီးခဲ့သည့်အဖွဲ့တွင်ပါဝင်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

(ပုဆိုးဝတ်ပြီးစစ်တိုက်​နေသည့် စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)
(ပုဆိုးဝတ်ပြီးစစ်တိုက်​နေသည့် စစ်ကိုင်းတိုင်းမှ PDF တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-CJ)

မုံရွာ-မန္တလေးလမ်းပေါ်တွင် မုံရွာသွားမည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် မိသားစုအား PDFများက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ယမန်နေ့ (မေလ ၇ ရက်နေ့ )မွန်းလွဲပိုင်းက မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာတွင် မန္တလေးဘက်မှ လာသော အိမ်စီးကားတစ်စီးကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက တားဆီးစစ်ဆေးရာ ကားပေါ်၌ ကျား(၄)ဦး မ (၁)ဦးကို တွေ့ရှိရကြောင်း၊ ကျား ၄ ဦးအနက် တစ်ဦးမှာ စစ်​ကောင်စီ၏ (၃)ပွင့်ဗိုလ်၊ ဗိုလ်ကြီးကျော်ဝဏ္ဏ ဆိုသူ ဖြစ်ကြောင်း ​တော်လှန်​ရေးသတင်းအရင်းအမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

၎င်းတို့သည် မုံရွာသွားရန်ထွက်လာကြ​သော မိသားစုဟုသိရပြီး ၎င်းနှင့်အတူ စာရွက်စာတမ်း ၊ပြန်တမ်းဝင်အရာရှိလက်မှတ်များလည်း တွေ့ရှိကြောင်း၊ ၎င်းတို့အားဖမ်းဆီးခေါ်ဆောင်ကာ စစ်ကိုင်းခရိုင် ခရိုင်ပကဖ၊ ခရိုင်ကွပ်ကဲရေးရုံးထံ သတင်းပို့၍ စစ်ကိုင်းခရိုင်ရုံးသို့ ပါလာသော ပစ္စည်းများနှင့်အတူ အပ်နှံခဲ့ကြောင်း​​တော်လှန်​ရေးအဖွဲ့များက​ပြော သည်။

“ကျွန်တော်တို့က ထိန်းသိမ်းပေးထားတာပဲရှိတာပါ။ NUGက ဆင်းလာတဲ့ ဗိုလ်မှူးတွေဆီကို အပ်လိုက်တာ။ ကျွန်တော်တို့ လက်ဖျားနဲ့တောင်မထိဘူး။”ဟုဖမ်းဆီးခဲ့သည့်အဖွဲ့တွင်ပါဝင်ခဲ့သည့် တော်လှန်ရေးခေါင်းဆောင်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလပိုင်းအတွင်းနိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်တပ်မှ အရာရှိများ​သေဆုံး ၊ဒဏ်ရာရမှုများလာသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။