Connect with us

Hi, what are you looking for?

သတင်း

အရာတော်အခြေစိုက် Danger Force LPDF အဖွဲ့ထုတ်လုပ်ရေးစခန်း မီးလောင်

ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်များကလည်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ဒေသတွင်း PDF အဖွဲ့များ၏ ထုပ်လုပ်ရေးစခန်းအချို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

မီးလောင်ကျွမ်းသွားသော Danger Force LPDF ၏ ထုတ်လုပ်ရေးစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Danger Force LPDF
မီးလောင်ကျွမ်းသွားသော Danger Force LPDF ၏ ထုတ်လုပ်ရေးစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ-Danger Force LPDF

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း မီးလောင်မှုဖြစ်ခဲ့ပြီး စစ်သုံးပစ္စည်းများဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

မေလ ၈ ရက် မွန်းလွဲပိုင်းက စစ်လက်နက်ခဲယမ်းများ ထုတ်လုပ်ရေးစခန်းအပူရှိန်လွန်ကဲ၍ ဝါယာရှော့ကြောင့် မီးလောင်ပျက်စီးခဲ့ရ​ပြီး တွင်ခုံ၊ ဂဟေပုံးနှစ်ပုံး၊ ဖြတ်စက်အကြီး အစရှိသည့် ပစ္စည်းများအပါအဝင် ထုတ်လုပ်​​ရေးပစ္စည်းများ ကျပ်သိန်း ၇၀ ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း Danger Force LPDF အဖွဲ့၏ တာဝန်ခံ ဗိုလ်ရန်ရှင်းက ပြောသည်။

“နေပူရှိန် လွန်ကဲတာရော ထုတ်လုပ်ရေးပစ္စည်း ​ပစ္စည်း အသုံးပြုတာများတာရောကြောင့် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာပါ။ တွင်ခုံနဲ့ကျောက်စက်အသုံးပြုနေချိန် ဖြစ်သွားတာပါ”ဟု ဗိုလ်ရန်ရှင်းက ပြောသည်။

Public Service Announcement
Public Service Announcement

Danger Force LPDF ၏ ထုတ်လုပ်ရေးစခန်းပြန် လည်တည်ဆောက်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများဆက်လက်ပြုလုပ်နိုင်ရန် ပြည်သူများတက်နိုင်သရွေ့ ပါဝင်ကူညီပေးကြရန်လည်း Danger Force LPDF အဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေလ ၅ ရက်နှင့် ၆ ရက်များကလည်း မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ ဒေသတွင်း PDF အဖွဲ့များ၏ ထုပ်လုပ်ရေးစခန်းအချို့အား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook