Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှပခုက္ကူသို့ ရိက္ခာသယ်သည့် ပျူကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးလုံးပျက်စီး

ကင်းပုန်းယူရန် လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် ပျူစောထီး ကိုလတ်မှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု​ဖော်ပြထားသည်။

(ပျူကားမီး​လောင်ပျက်စီး​နေစဥ်/ ပျူကား​ပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)
(ပျူကားမီး​လောင်ပျက်စီး​နေစဥ်/ ပျူကား​ပေါ်မှ ရိက္ခာများကို ပကဖများသိမ်းယူစဥ်။ဓါတ်ပုံ-မြိုင်ပကဖ)

မြိုင်မှ ပခုက္ကူသို့ ရိက္ခာယူရန်ထွက်လာသည့်ပျူစောထီးကားကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်လုံးပျက်စီးပြီး ပျူစောထီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။

သရက်ကန်ပျူစောထီးစခန်းမှ ပခုက္ကူကို မေ ၁၁ ရက်မနက် ၇နာရီခွဲ ရိက္ခာယူရန် ထွက်လာသည့်ကားနှင့် ကင်းပုန်းယူရန်လာသည့် ပျူစောထီးများကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကင်းပုန်းယူရန် လာသည့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် ပျူစောထီး ကိုလတ်မှာ ထိုနေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု​ဖော်ပြထားသည်။

ထိုနောက် ရိက္ခာယူရန်ထွက်လာသည့်ပျူကားကို သရက်ကန်နှင့် တွင်းမရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပျူကားမှလုံးဝပျက်စီးသွားပြီး ပျူစောထီးများ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကားကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်းမြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“မြိုင်၊ပေါက်နဲ့ ပခုက္ကူတစ်ကြောမှာစစ်ကောင်စီနဲ့သူ့လက်အောက်ခံတွေရိက္ခာသယ်နေတဲ့အချိန်ဖြစ်လို့မိုင်းဆွဲတာ၊ထိတွေ့တိုက်ပွဲဖြစ်တာတွေဖြစ်လာတာ”ဟုပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင်ဒရုန်းဖြင့်အီနာဂါ ၅ လုံးချတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုစာရင်းကိုမူ မသိရ​သေး​​ပေ။

ထိုတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁ မှ တပ်ခွဲနှစ်ခွဲ၊ ကမ္မဒေသ ကာကွယ်ရေးတပ်ဖွဲ့၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့၊ ဘီးလုံးငှက်တပ်ဖွဲ့၊ TYK ပြောက်ကျားတပ်ဖွဲ့နှင့် ဧရာအနောက်တပ်ဖွဲ့စသည့် ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်မေလ ၉ရက် နံနက်ပိုင်း ကလည်းအိုရင်းရွာမှထွက်လာသော စစ်တပ်စစ်ကြောင်းကို အိုရင်းရွာမြောက်ဖက်တွင် မြိုင်ပကဖ တပ်ခွဲ ၂ ၊ ဘီလုံးငှက်တပ်ဖွဲ့တို့ကပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။