ကချင်မြို့နယ် ဖားကန့်မြို့နယ်ရှိ ဆိပ်မူနယ်မြေရဲကင်းစခန်းကို စစ်ကောင်စီလက်ပါးစေများက စွန့်ခွာသွားပြီး စခန်းမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
ဆိပ်မူရဲကင်းစခန်းကို စစ်ကောင်စီတပ်နှင့် ရဲများက ယမန်နေ့ (မေလ ၁၁ရက်)က စွန့်ခွာသွားပြီး ယနေ့( မေလ ၁၂ရက်) ၉နာရီခန့်တွင် မီးရှို့ဖျက်ဆီးသွားခြင်းဟု သတင်းရရှိသည်။
“စစ်တပ်က မနေ့ကညနေမှာ စခန်းကိုစွန့်သွားပြီ။ ဒီမနက်တော့ စခန်းမှာ မီးတွေလောင်နေတယ်။ ပြီးတော့ KIAနဲ့ PDF က လာရှို့သလို သတင်းလွှင့်နေတယ်”ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ဆိပ်မူရဲကင်းသည် ဖားကန့်တွင် စစ်ကောင်စီအထိုင်ချထားသော အဓိကနေရာတစ်ခုဖြစ်သည်။ ယင်းစခန်းအား မည်သည့်အတွက် ကြောင့် စွန့်ခွာသွားသည်ကို လတ်တဆလာ မသိရသေးပေ။

Public Service Announcement
ဆိပ်မူရဲကင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDFပူးပေါင်းတပ်ဖွဲ့က မကြာခဏတိုက်ခိုက်နေသည်။ ပြီးခဲ့သည့် ၂၀၂၂ ဩဂုတ်က တိုက်ခိုက်မှုတွင် ဆိပ်မူရဲကင်းမှုး သေဆုံးခဲ့သည်။


















































