Connect with us

Hi, what are you looking for?

သတင်း

ပုဂ္ဂလိကကျောင်းတွေကို ထိန်းချုပ်မယ့်ဥပဒေ စစ်ကောင်စီ ပြဌာန်း

ပြည်တွင်း ပြည်ပ က ဆိုင်ကလုန်းမုန်တိုင်းအပေါ် အာရုံစိုက်နေချိန်မှာ စစ်ကောင်စီက ဒီရက်ပိုင်း ဥပဒေတွေဆက်တိုက် ထုတ်ပြန်နေတာပါ။

ပုဂ္ဂလိကကျောင်းတွေကို ထိန်းချုပ်မယ့်ဥပဒေ စစ်ကောင်စီ ပြဌာန်း
ပုဂ္ဂလိကကျောင်းတွေကို ထိန်းချုပ်မယ့်ဥပဒေ စစ်ကောင်စီ ပြဌာန်း

ဒဏ်ငွေနဲ့ထောင်ဒဏ် တိုးမြှင့်ထားပြီး ပိုမိုတင်းကြပ်ထားတဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို အာဏာသိမ်းစစ်ကောင်စီဟာ မနေ့ မေလ ၁၂ ရက် က ထုတ်ပြန်လိုက်ပါတယ်။

ပြည်တွင်း ပြည်ပ က ဆိုင်ကလုန်းမုန်တိုင်းအပေါ် အာရုံစိုက်နေချိန်မှာ စစ်ကောင်စီက ဒီရက်ပိုင်း ဥပဒေတွေဆက်တိုက် ထုတ်ပြန်နေတာပါ။

မေလ ၁၂ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ယခင် ၂၀၁၁ ခုနှစ်က ပြဌာန်းထားတဲ့ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ ကို ပယ်ဖျက်လိုက်ပြီး ပိုမိုတင်းကြပ်ထားပါတယ်။

စစ်ကောင်စီရဲ့ ပုဂ္ဂလိက ပညာရေးဥပဒေမှာ အခြေခံပညာကျောင်းတွေသာမက နည်းပညာနဲ့သက်မွေးဆိုင်ရာကျောင်းတွေ ၊အဆင့်မြင့်ပညာကျောင်းတွေပါ အကြုံးဝင်အောင်ရေးဆွဲထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေမှာ တားမြစ်ချက် ၁၃ ချက် ထည့်သွင်းရေးဆွဲထားပြီး အဲဒီတားမြစ်ချက်တွေကိုချိုးဖောက်ရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ ထောင်ဒဏ် ၂နှစ်အထိ ၊ ဒဏ်ငွေ ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀၀ အထိ ဒဏ်ခတ်မှာဖြစ်ပါတယ်။

ယခင် ၂၀၁၁ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေမှာဆိုရင် ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိက ကျောင်းတွေ၊ အဲဒီကျောင်းတွေမှာ သင်ကြားမယ့် ဆရာ၊ဆရာမတွေကို မှတ်ပုံတင်ထုတ်ပေးတာ ၊ ကျောင်းတွေကို စံချိန်စံညွှန်းစစ်ဆေးတာ တွေ ကိုင်တွယ်တာပါ။

စစ်ကောင်စီရဲ့ဥပဒေသစ်မှာတော့ အဲဒီလုပ်ငန်းတွေကို ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့ ပေးလိုက်ပြီး အဲဒီအဖွဲ့က ထိန်းချုပ် စီမံမှာတွေ့ရပါတယ်။

ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ကို သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင် စစ်ကောင်စီဝန်ကြီး၊ တက္ကသိုလ်ပါမောက္ခချုပ် ၊ထွေအုပ် ၊ပညာရေးမှူးတွေနဲ့ဖွဲ့စည်းမှာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ ကို စံချိန်စံညွှန်းသတ်မှတ်ပေးတာ ၊ ကျောင်း မှတ်ပုံတင် ခွင့်ပြုတာ ၊ငြင်းပယ်တာ ၊ နိုင်ငံသားနဲ့ နိုင်ငံခြားသား ကျောင်းဆရာ ၊ဆရာမတွေရဲ့ မှတ်ပုံတင်လျှောက်ထားတာတွေကို ထိန်းချုပ်ကိုင်တွယ်မှာပါ။

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနဲ့သင်ကြားမယ့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက အခြေခံပညာကျောင်းတွေမှာ မြန်မာနိုင်ငံသားကျောင်းသူကျောင်းသားတွေကို ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်အောင် သင်ရိုးညွှန်းတမ်းကော်မတီက ညွှန်ကြားထားတဲ့ မြန်မာစာ ၊မြန်မာ့သမိုင်းနဲ့ မြန်မာ့ပထဝီဝင်ကိုသင်ကြားရမယ်လို့ စစ်ကောင်စီ က ဥပဒေမှာရေးဆွဲပါတယ်။

ဒါအပြင် ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းနဲ့မသက်ဆိုင်တဲ့ နိုင်ငံရေး ၊ဘာသာရေးအကြောင်းအရာတွေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတာတွေ သင်ကြားပို့ချတာမလုပ်ရဘူးလို့လည်း စစ်ကောင်စီက တားမြစ်ပါတယ်။

မေလ ၁၂ ရက်နေ့ မနေ့က ပြဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ ဥပဒေသစ်အရ လက်ရှိ ဖွင့်လှစ်လည်ပတ်နေတဲ့ ကျောင်းတွေဟာ တစ်နှစ်အတွင်း မှတ်ပုံပြန်တင်ရမှာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။