Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီ ကျောက်မိုင်းတွင် လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်

မေလ(၁၇)ရက်နေ့ နံနက်(၃)နာရီခွဲအချိန်ခန့်၌ မြ၀တီမြို့နယ် တောင်ဘက်ခြမ်းရှိ ကျောင်းမိုင်းဒေသဘက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် (၃)ကြိမ်ခန့် ဗုံးကြဲခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီ ကျောက်မိုင်းတွင် လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်
မြဝတီ ကျောက်မိုင်းတွင် လေယာဥ်ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်

စစ်ရေးတင်းမာမှုများရှိနေသည့် ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ် ကျောက်မိုင်းဒေသတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်အစောပိုင်း လေယာဉ်နှင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု နယ်မြေသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

မေလ(၁၇)ရက်နေ့ နံနက်(၃)နာရီခွဲအချိန်ခန့်၌ မြ၀တီမြို့နယ် တောင်ဘက်ခြမ်းရှိ ကျောင်းမိုင်းဒေသဘက်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် (၃)ကြိမ်ခန့် ဗုံးကြဲခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရှိရသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းများအကြား စစ်ရေးပြင်းထန်နေပြီး တိုက်ပွဲဧရိယာဖြစ်သည့် မြ၀တီမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပေါက်ကွဲသံ(၃)ချက် ကျယ်လောင်စွာကြားသိရပြီး နေအိမ်များလည်း တုန်ခါသွားခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ကေအဲန်ယူ-တပ်မဟာ(၆)နယ်မြေ မြ၀တီမြို့နယ် ကျောက်မိုင်းနှင့် လက်ခတ်တောင်ဒေသတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် KNLA တပ်မဟာ(၆)၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိနေပြီး (၅)ရက်တာအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၁၁)ဦးခန့်သေဆုံးကာ (၃၉)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ကေအဲန်ယူ-အမျိုးသားအစည်းအရုံးအပေါ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်နေပြီး တဖက်တွင်လည်း ကေအဲန်ယူအုပ်ချုပ်နယ်မြေအတွင်း၌ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်ခိုက်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ အပြင်းအထန်ပြုလုပ်နေသလို အရပ်သားအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေသည်။