Connect with us

Hi, what are you looking for?

သတင်း

ပုဂံမှာ မိုးကြီးပြီး ဘုရား ၁၅ ဆူရေဝင်ကာ ထိခိုက်ပျက်စီးမှု ရှိခဲ့

ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကတော့ ထီးလိုမင်းလိုဘုရား ၊ သဗ္ဗညုဘုရား၊ဓမ္မရာဇကဘုရားကြီး၊အာနန္ဒာအုတ်ကျောင်းမုခ်ဦး၊ပုထိုးသားများဘုရားစတဲ့ ရှေးဟောင်းဘုရား တွေဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ − မီးသတ်
ဓာတ်ပုံ − မီးသတ်

မုန်တိုင်းကြောင့် ပုဂံမှာ မိုးကြီးပြီး ရှေးဟောင်း ဘုရား ၁၅ ဆူရေဝင်သလို နာမည်ကြီး ဘုရားတွေအပါအဝင် ရှေးဟောင်းအဆောက်အဦး ၈ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပါတယ်။

ပုဂံမှာ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ရွာသွန်းတဲ့မိုးရေချိန်ဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်သစ်တင်ခဲ့တယ်လို့စစ်ကောင်စီက ဆိုပါတယ်။

ဒါကြောင့် ဘုရားတွေထဲရေဝင်တာ ၊ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ရေဝင်တဲ့ ဘုရား ၁၅ ဆူဟာ ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဋ္ဌာမဏိဘုရား၊ ဓမ္မရာဇက ဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇကအနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရားနဲ့ ရွှေနန်းရင် တော ဘုရားတို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကတော့ ထီးလိုမင်းလိုဘုရား ၊ သဗ္ဗညုဘုရား၊ဓမ္မရာဇကဘုရားကြီး၊အာနန္ဒာအုတ်ကျောင်းမုခ်ဦး၊ပုထိုးသားများဘုရားစတဲ့ ရှေးဟောင်းဘုရား တွေဖြစ်တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီးဌာနက ပျက်စီးမှု ရှိခဲ့တဲ့ ဘုရားတွေကို ပြုပြင် ထိန်းသိမ်းနေတယ်လို့ ဆိုထားပါတယ်။

ရေဝင်နေတဲ့ ဘုရားတွေမှာတော့ ရေစက်စုပ်တွေသုံးပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရေစုပ်ထုတ်နေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"မီးတောက်တွေကလည်း များလိုက်တာ။ အမေတို့ ပြေးဖို့ပြင်လိုက်အုန်းမယ်"

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ယမန်နေ့ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့ပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...