Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်၊ ယာဉ်တစ်စီးပျက်စီး

သရက်ကန်ရွာနှင့်တွင်းမကျေးရွာများသည် ပျူစောထီးအင်အားကောင်းပြီး စစ်ကောင်စီက လက်နက်များတပ်ဆင်ပေးထားကြောင်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော မြိုင်နယ်အခြေစိုက် ပကဖရဲဖော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော မြိုင်နယ်အခြေစိုက် ပကဖရဲဖော်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဓာတ်အားလိုင်းလာပြင်သည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီးပျက်စီးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။

ယမန်နေ့ (မေလ ၁၉ရက်)နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ စက်မှု(၂)ရုံးရှိ စစ်တပ်သို့ လျှပ်စစ်ပေးနေသည့် ဓာတ်အားလိုင်းအား ပြင်ဆင်ရန်လာသော စစ်ကောင်စီယာဥ်တန်းအား သရက်ကန်ပျူစခန်းနှင့် တွင်းမပျူစောထီးစခန်းကြားတွင် မိုင်းကြီး၊ မိုင်းသေးများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

ယာဉ်တစ်စီးမှာ ပျက်စီးရပ်တန့်သွားခဲ့ပြီး စစ်အုပ်စု၏ ထောက်ပို့လမ်းပိုင်းလည်း ပျက်စီးသွားကြောင်း၊ သို့သော် စစ်အုပ်စုက ထောက်ပို့လမ်းပိုက်းအား စစ်ကြောင်းအကာဖြင့် လုံခြုံရေးယူ၍ ချက်ချင်းပြန်ပြင်ဆင်သွားသည်ဟု မြိုင်(ပကဖ) အဖွဲ့က ဆိုသည်။

“ဓာတ်အားလိုင်းကို တနေ့ကခွဲတယ်။ မနေ့ကလာပြင်တာ ပြီးသွားတယ်။ ကမ္မမြို့ကနေလာတာ။ အင်အား ၈၅လောက်ပါတယ်။နောက်ဆုံးအစီးထိတာ။ လေးဦးထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့သိရတယ်။”ဟု မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ကြောင်းဖြတ်သန်းမည်ဖြစ်၍ မြိုင်မြို့ပေါ်မှ စစ်ကောင်စီအင်အား ၆၀ခန့်မှာ စက်မှု(၂) တောင်ဘက် (၄)မိုင်ခန့်ကွာဝေးသော ချောင်းနားတိုက်ရွာမှ မိထ္ထီလာ၊စိုကန်၊သရက်ကန်ပျူရွာ အထိ ဖြန့်ကျက်နေရာယူထားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သရက်ကန်ရွာနှင့်တွင်းမကျေးရွာများသည် ပျူစောထီးအင်အားကောင်းပြီး စစ်ကောင်စီက လက်နက်များတပ်ဆင်ပေးထားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၊တပ်ခွဲ-၁ ၊ တပ်ခွဲ – ၂ (ဂဠုန်) ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့(မြိုင်) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့) ၊ ဘီလုံးငှက်တပ်ဖွဲ့ အစရှိသော ပကဖပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် မေလ ၁၇ရက် ညနေပိုင်းကလည်း သရက်ခွရွာပျူစောထီးစခန်းဂိတ်ကို မြိုင်(ပကဖ) နှင့် မဟာမိတ်များက အလစ်ဝင်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။