Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုအရှေ့ခြမ်း၌ ၉ရက်ကြာတိုက်ပွဲများတွင် ရဲဘော်လေးဦးကျဆုံးဟု KNDF အသိပေး

ဘောလခဲ​မြို့မှ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဘက်သို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)တို့ အသုံးပြုထားသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော်များအား သဂြိုလ်နေစဉ်။ ဓာတ်ပုံ - KNDF)

စစ်ကောင်စီ၏ ဝေဟင်၊မြေပြင်ထိုးစစ် ခုခံနေရသည့် ဒီးမော့ဆိုအရှေ့ခြမ်း၌ ၉ရက်ကြာတိုက်ပွဲများတွင် ရဲဘော်လေးဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

မေလ ၁၄ ရက်ကစ၍ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ နှင့် ဒေါလျားခူကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်​၏ ထိုးစစ်ကိုခုခံစဥ် တပ်ရင်း (၁၊ ၇ ၊ ၉)နှင့် (၁၀)မှ ရဲဘော်တစ်ဦးစီ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုအနက် မေလ ၁၉ ရက်တိုက်ပွဲတွင် KNDF တပ်ရင်း (၁)မှ ရဲဘော်နေဝင်းနှင့် တပ်ရင်း (၇)မှ ရဲဘော် ရဲဘော်ဘဲနဒစ်(အောင်အောင်)တို့နှစ်ဦး ကျဆုံးခဲ့ရသည်။

အလားတူ မေလ ၁၅ ရက်တိုက်ပွဲတွင် KNDF တပ်ရင်း(၁၀)ရဲဘော် ခူးစိုးရယ် ကျဆုံးခဲ့ပြီး မေလ ၁၈ရက်တိုက်ပွဲတွင် KNDFတပ်ရင်း (၉) ဒု-တပ်စုမှူး မောင်ဖရန်စစ္စကို(ဂျားဂျာ) ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“အဓိကတော့ တနီလားလဲနဲ့ အနီးတစ်ဝိုက်ကို သူတို့ မရမက အသည်းအသန် လိုချင်နေတာ။အဲဒီအတွက် လေကြောင်းနဲ့ နေ့တိုင်း လာပစ်နေသလို မြေပြင်လက်နက်ကြီးကြောင့် ရဲဘော်အချို့ ဆုံးရှုံးခဲ့တယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်းဆုံးခုခံနေတယ်လို့ပဲ လတ်တလော ပြောပါရစေ”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

၉ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသော်လည်း မြေပြင် စစ်ရေးအရ အတည်မပြုနိုင်သေးဟု ဆိုသည်။

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီက မတ်လ ၉ ရက်ကစ၍ စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ခဲ့သည်။

ထိုအနက် လွိုင်ကော်ဘက်မှ ဒီးမော့ဆိုအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ (၂၈၇)နှင့် ခမရ (၅၁၃၊ ၅၁၇) တပ်ရင်းသည် တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့် နှင့် ဒေါတငူးကျေးရွာတောင်ကြောပေါ်တွင် နေရာယူထားသည်။

ဘောလခဲ​မြို့မှ ဒီးမော့ဆိုအရှေ့ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဘက်သို့ စစ်ကောင်စီက ခမရ(၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀)တို့ အသုံးပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook