Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့တွင် ရဲဘော်တစ်ဦး ဖမ်းဆီးခံရ၍ စုပေါင်းရုံးအား သွားရောက်တိုက်ခိုက်

မေလ ၂၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့ မြောက်ဘက်ခြမ်းရှိ ကံပေါက်ကျေးရွာဘက်ကို အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထွက်လာခဲ့သည်။

(ရေစကြိုမြို့ရှိ စစ်ကောင်စီ၏ ရုံးပေါင်းစုံစခန်းအား ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဥ်)
(ရေစကြိုမြို့ရှိ စစ်ကောင်စီ၏ ရုံးပေါင်းစုံစခန်းအား ရဲဘော်များ ပစ်ခတ်တိုက်ခိုက်နေစဥ်)

▪️ရေဦးတွင် စစ်ကောင်စီစစ်ကြောင်းအား ဒေသကာကွယ်ရေးအဖွဲ့များက သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် PDF ရဲဘော်တစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ၍ စစ်ကောင်စီ၏ စုပေါင်းရုံးအား သွားရောက်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myingyan Black Tiger အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မေလ ၂၄ ရက်) နံနက် ၉နာရီခန့်က ရေစကြိုမြို့ပေါ်တွင် MBT အမှတ်(၂) စခန်းမှ ရဲဘော်နှစ်ဦးနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိပ်တိုက်တိုးရာ စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီးခဲ့၍ ရဲဘော်တစ်ဦး ခြေထောက်ကျည်ထိပြီး ဖမ်းဆီးခံလိုက်ရကြောင်း Myingyan Black Tiger အဖွဲဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လွတ်မြောက်လာသူ ရဲဘော်က MBT ဌာနချုပ်ထံ သတင်းပို့၍ ဖမ်းဆီးခံရသော ရဲဘော်ကို ကယ်ထုတ်ရန် ဌာနချုပ်စခန်းနှင့်အမှတ်(၂)အခြေစိုက်စခန်းတို့ရှိ အင်အားကုန်ထုတ်နှုတ်ကာ ရေစကြိုမြို့ပေါ်သို့ ချီတက်ခဲ့သည်။

စစ်ကောင်စီတပ်က လူနာရဲဘော်ကို ကတ္တရာလမ်းပေါ်ပစ်ထားကာ ကင်းပုန်းဝပ်ပြီး ထောင်ချောက်ဆင် စောင့်ခဲ့သော်လည်း MBTအဖွဲ့လာရောက်ချိန်တွင် ဆေးရုံသို့ပို့ခဲ့ကြောင်း၊ ထို့နောက် မြို့ပေါ်ရှိ ရုံးပေါင်းစုံစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အမှတ် (၂) စစ်ဆင်ရေးစခန်းက ရဲဘော်တွေက မိုင်းကိုသွားစစ်တဲ့အချိန် ဒလန်ကသတင်းပေးတာကြောင့် မိသွားတာ။ ရုံးပေါင်းစုံကိုတော့ စုစုပေါင်း စစ်ကြောင်းငါးကြောင်းနဲ့ သွားတယ်။ လမ်းဖြတ်ကို သုံးကြောင်းနဲ့ ရံထားပြီး ကျန်တဲ့ စစ်ကြောင်းနှစ်ကြောင်းက မျက်နှာစာတစ်ဖွဲ့၊ ဘေးကတစ်ဖွဲ့၊ နှစ်ဖွဲ့ကတိုက်ခိုက်ခဲ့တာပါ။”ဟု MBTအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ခန့်ကြာခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကြောင်း သတင်းရသော်လည်း အတည်မပြုနိုင်သေးကြောင်း၊ စစ်ကောင်စီအခြေစိုက်ရာ နေရာများ ပတ်လည်၌ မိုင်းဆင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု MBT အဖွဲ့က ဆိုသည်။

“မနက်ပိုင်းကနေ နေ့လယ်ပိုင်းလောက်အထိ ရေစကြိုမြို့ပေါ်မှာ ရုတ်ရုတ်သဲသဲတော့ဖြစ်သွားတယ်။”ဟု ရေစကြို ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် ရေစကြို အမှတ် (၁) နဂါးရုံရပ်ရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ခဲ့ပြီး ရပ်ကွက်မှ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြားသည်။

တခြားသတင်းတရပ်အဖြစ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်အား သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

မေလ ၂၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ရေဦးမြို့ မြောက်ဘက်ခြမ်းရှိ ကံပေါက်ကျေးရွာဘက်ကို အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းထွက်လာခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ကံပေါက်ရွာအနီး မူးတံတားအနီးတွင် တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင် မူးတံတား ဘုန်းကြီးကျောင်းအနီးတွင် တစ်ကြိမ် ရေဦးမြို့နယ် (ပကဖ)တပ်ခွဲ ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“နှစ်ကြိမ်မိုင်းဆွဲလိုက်တာ စစ်သားအသေအပျောက် အတည်မပြုနိုင်သေးပေမယ့် ဒဏ်ရာအပြင်းအထန်ရသွားတဲ့ မျက်လုံးထိခြေပြတ်လက်ပြတ်တွေ အနည်းဆုံး ငါးယောက်ထက်မနည်း ထိသွားတယ်”ဟု ကိုထူးခန့်ဇော်က ပြောသည်။

ယနေ့ (မေလ ၂၅ ရက်) နံနက်ပိုင်းကလည်း အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ အင်အား ၁၂ဝ ခန့်ဖြင့် ရေဦးနယ်မြောက်ခြမ်းသို့ စစ်ကြောင်းထွက်လာရာ မိုင်းထိခဲ့ကြောင်း၊ ထို့နောက် အခင်းဖြစ်ရာအနီးရှိ ဖိန်းကားရွာက နေအိမ်အချို့ကိုမီးရှို့ကာ စစ်ကြောင်းဆက်ထိုးနေကြောင်း ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။