Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တွင် မတ်လအတွင်း စစ်ကောင်စီတပ် ၆၀၀ ကျော်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

တိုက်ပွဲပေါင်း ၄၃၇ကြိမ်ဖြစ်ပွားခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၈ ကြိမ်၊ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၂၅ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၄၅ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

(မတ်လ ၂၄ ရက်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး - တမူးကားလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့စဥ်။ ဓာတ်ပုံ-NLA)

တော်လှန်ရေးရဲဘော် ၆၀ဦးကျဆုံး၊ ဒရုန်းတိုက်ခိုက်မှု ၁၂၀ကြိမ်အပါအဝင်တိုက်ပွဲ ၄၀၀ကျော်ရှိခဲ့ဟု ဖော်ပြ

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသနယ်မြေအတွင်း မတ်လအတွင်းက တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ ၆၁၂ဦး သေဆုံး၍ ၇၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

ထို့အပြင် ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်များဘက်က ၆၀ဦး ကျဆုံးခဲ့ရပြီး ၉၄ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲပေါင်း ၄၃၇ကြိမ်ဖြစ်ပွားခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၈ ကြိမ်၊ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၂၅ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၄၅ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မကွေးမြို့ကနေထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကားအစီးရေ ၂၀၀ နီးပါးဟာ ချင်းတောင်အစပ် ဆောမြို့နယ်၊လောင်းရှည်မြို့ကို ဦးတည်လာနေပြီး ရှမ်းပြည်နယ်အခြေစိုက်တပ်တွေနဲ့ မတ္တရာမြို့နယ် အရှေ့ခြမ်းတပ်စခန်းက အင်အားတွေ ပါ၀င်တယ်လို့ မကွေးတိုင်းပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။