Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်တွင် မတ်လအတွင်း စစ်ကောင်စီတပ် ၆၀၀ ကျော်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

တိုက်ပွဲပေါင်း ၄၃၇ကြိမ်ဖြစ်ပွားခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၈ ကြိမ်၊ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၂၅ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၄၅ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

(မတ်လ ၂၄ ရက်က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး - တမူးကားလမ်းပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NLA)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့စဥ်။ ဓာတ်ပုံ-NLA)

တော်လှန်ရေးရဲဘော် ၆၀ဦးကျဆုံး၊ ဒရုန်းတိုက်ခိုက်မှု ၁၂၀ကြိမ်အပါအဝင်တိုက်ပွဲ ၄၀၀ကျော်ရှိခဲ့ဟု ဖော်ပြ

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)စစ်ဒေသနယ်မြေအတွင်း မတ်လအတွင်းက တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စစ်ဒေသ(၁)နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မတ်လအတွင်း တိုက်ပွဲပေါင်း ၄၃၇ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ ၆၁၂ဦး သေဆုံး၍ ၇၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။

ထို့အပြင် ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်များဘက်က ၆၀ဦး ကျဆုံးခဲ့ရပြီး ၉၄ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

တိုက်ပွဲပေါင်း ၄၃၇ကြိမ်ဖြစ်ပွားခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၃၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၁၈ ကြိမ်၊ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၁၂၅ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၄၅ကြိမ်၊ စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲများကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။