Connect with us

Hi, what are you looking for?

သတင်း

အုတ်တွင်းမြို့မှာ ဆရာမ ၂ ဦး ဆွဲကြိုးဆွဲလုခံရလို့ ဆိုင်ကယ်မှောက်ပြီး ၁ ဦးသေဆုံး

တိမ်းမှောက်ရာမှာ ဆိုင်ကယ်မောင်းသူ ဆရာမ ဒေါ်ဝတ်ရည်ဝင်း ဦးခေါင်းထိခိုက်သွားခဲ့ပြီး အခြား ဆရာမ ကတော့မစိုးရိမ်ရဘူးလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ထံက သိရပါတယ်။

ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)
ဓာတ်ပုံ − ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက ရန်ကုန် − မန္တလေး လမ်းဟောင်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောင်းဆရာမ ၂ ဦး ဆွဲကြိုးဖြတ်လုခံရချိန် ဆိုင်ကယ်မှောက်ပြီး ၁ ဦးသေဆုံးခဲ့ရပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့ မေလ ၂၆ ရက် နေ့ခင်း ၂ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။

ဆရာမ ၂ ဦးဟာ တောင်ငူမြို့ကနေ ကျောင်းသုံးပစ္စည်းတွေဝယ်ယူပြီး နေရပ် အုတ်တွင်းမြို့ ၊အင်ဒိုင်းရွာ အပြန်လမ်းမှာ လုယက်မှုကိုကြုံရတာလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ကဖော်ပြပါတယ်။

ရွာထိပ်နားအရောက်မှာ ပဲ နောက်ကနေ လိုက်လာတဲ့ ဆိုက်ကယ်စီးအမျိုးသား ၂ ဦးက ဆွဲကြိုးဆွဲလု ပြီးမောင်းပြေးရာမှာ ဆရာမ ၂ ဦးရဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တိမ်းမှောက်ရာမှာ ဆိုင်ကယ်မောင်းသူ ဆရာမ ဒေါ်ဝတ်ရည်ဝင်း ဦးခေါင်းထိခိုက်သွားခဲ့ပြီး အခြား ဆရာမ ကတော့မစိုးရိမ်ရဘူးလို့ ရင်ခုန်သံရှင်သန်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့ ) ထံက သိရပါတယ်။

ဦးခေါင်းထိခိုက်သွားတဲ့ ဆရာမကို တောင်ငူဆေးရုံဆီပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။

သေဆုံးသွားတဲ့ ဆရာမ ဟာ အသက် ၄၀ ဝန်းကျင်ရှိပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook