Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နှင့် ဗန်းမောက်ကြား စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ယနေ့(မေ ၂၇)ညနေ ၄ နာရီခွဲခန့်က ခမရ(၄၁၆)တပ်မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားရှိ ရွာသာယာကျေးရွာသို့ရောက်ရှိနေစဥ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)
(Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)

အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုကို ယနေ့ညနေပိုင်းတွင် သွားရောက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း Norlthern ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(မေ ၂၇)ညနေ ၄ နာရီခွဲခန့်က ခမရ(၄၁၆)တပ်မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားရှိ ရွာသာယာကျေးရွာသို့ရောက်ရှိနေစဥ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ခိုက်မှုအချိန်ကတော့ ကျနော်တို့ ၁၅ မိနစ်၊ မိနစ် ၂၀ ပတ်ချာလည်ပဲကြာတယ်။ ကျနော်တို့ သေချာစောင့်ပြီးတော့မှ ပြောက်ကျားသွားရောက်တိုက်ခိုက်ခဲ့တာ”ဟု Nothern ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အထိနာသွားသော စစ်ကောင်စီတပ်က ရွာသာယာမှ ရွာသားများအား လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး မော်တိတ်ဖက်သို့ပြန်ဆုတ်နေကြောင်း Nothern ABSDFတပ်ဖွဲ့က အသိပေးသည်။

အင်းတော်ဒေသအတွင်း မေလ ၂၂၊ ၂၃ရက်နှင့် ၂၅ ရက်များတွင် စစ်ကောင်စီတပ်အား Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိ ငါးဦးသေဆုံးခဲ့ရာ လူစားထိုးရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် နောက်ထပ်အရာရှိ ငါးဦးအား အင်းတော်ဘောလုံးကွင်းသို့ ရဟတ်ယာဥ်ဖြင့် လာချပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိအခြေအနေတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လျှက်ရှိရာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူပေးနေပြီး ဝေဟင်မှပစ်ခတ်ဗုံးကြဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးခြင်း၊ အိုးအိမ်များထိခိုက်ပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံများပါ ထိခိုက်ပျက်စီးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။