Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်နှင့် ဗန်းမောက်ကြား စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ယနေ့(မေ ၂၇)ညနေ ၄ နာရီခွဲခန့်က ခမရ(၄၁၆)တပ်မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားရှိ ရွာသာယာကျေးရွာသို့ရောက်ရှိနေစဥ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)
(Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ABSDF)

အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုကို ယနေ့ညနေပိုင်းတွင် သွားရောက်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း Norlthern ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ယနေ့(မေ ၂၇)ညနေ ၄ နာရီခွဲခန့်က ခမရ(၄၁၆)တပ်မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု အင်းတော်နှင့် ဗန်းမောက်မြို့နယ်ကြားရှိ ရွာသာယာကျေးရွာသို့ရောက်ရှိနေစဥ် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ခိုက်မှုအချိန်ကတော့ ကျနော်တို့ ၁၅ မိနစ်၊ မိနစ် ၂၀ ပတ်ချာလည်ပဲကြာတယ်။ ကျနော်တို့ သေချာစောင့်ပြီးတော့မှ ပြောက်ကျားသွားရောက်တိုက်ခိုက်ခဲ့တာ”ဟု Nothern ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် အထိနာသွားသော စစ်ကောင်စီတပ်က ရွာသာယာမှ ရွာသားများအား လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုပြီး မော်တိတ်ဖက်သို့ပြန်ဆုတ်နေကြောင်း Nothern ABSDFတပ်ဖွဲ့က အသိပေးသည်။

အင်းတော်ဒေသအတွင်း မေလ ၂၂၊ ၂၃ရက်နှင့် ၂၅ ရက်များတွင် စစ်ကောင်စီတပ်အား Nothern ABSDF နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ၏ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အရာရှိ ငါးဦးသေဆုံးခဲ့ရာ လူစားထိုးရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် နောက်ထပ်အရာရှိ ငါးဦးအား အင်းတော်ဘောလုံးကွင်းသို့ ရဟတ်ယာဥ်ဖြင့် လာချပေးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိအခြေအနေတွင် အင်းတော်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လျှက်ရှိရာ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူပေးနေပြီး ဝေဟင်မှပစ်ခတ်ဗုံးကြဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးခြင်း၊ အိုးအိမ်များထိခိုက်ပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံများပါ ထိခိုက်ပျက်စီးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။