Connect with us

Hi, what are you looking for?

သတင်း

မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို

တိုက်ပွဲတွေကို PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆင်နွှဲကြတာလို့ NUG က ဆိုထားပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို
မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို

မြန်မာနိုင်ငံအလယ်ပိုင်းဒေသပါဝင်တဲ့ အမှတ် (၁) စစ်ဒေသမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းထုတ်ပြန်ပါတယ်။

အမှတ် ( ၁) စစ်ဒေသမှာ မန္တလေးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည် မြောက်ပိုင်းတို့ပါဝင်တယ်လို့သိရပါတယ်။

မတ်လအတွင်း အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ် တာ ၊ ဒရုန်းသုံးပြီး ဗုံးချတာ ၊ မိုင်းဆွဲတာ ၊စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှု တွေ ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ရေးသတင်းမှာ တွေ့ရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်တာ ၁၃၇ ကြိမ် ၊ မိုင်းဆွဲတာ. ၁၁၈ ကြိမ် ၊ ဒရုန်းသုံးပြီး တိုက်ခိုက်တာ ၄၅ ကြိမ် ၊ သွားရောက်ပစ်ခတ်တာ ၁၂၅ ကြိမ်ရှိပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ၁၂ ကြိမ်ရှိခဲ့တယ်လို့ NUG ရဲ့စာရင်းအရသိရပါတယ်။

Public Service Announcement

Public Service Announcement

မတ်လအတွင်း ၂ ဖက် အကျအဆုံးရှိခဲ့ပါတယ်။ NUG ရဲ့စာရင်းအရတော့ စစ်ကောင်စီဖက်က ၆၀၀ ကျော်သေဆုံးပြီး ၇၀၀ ထိခိုက်ဒဏ်ရာရသလို PDF တွေဘက်ကလည်း ၆၀ ကျဆုံးပြီး ၉၀ ကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကို PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆင်နွှဲကြတာလို့ NUG က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အကျအဆုံးထိခိုက်မှုတွေ စာရင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။