Connect with us

Hi, what are you looking for?

သတင်း

မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို

တိုက်ပွဲတွေကို PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆင်နွှဲကြတာလို့ NUG က ဆိုထားပါတယ်။

မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို
မတ်လအတွင်း စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG ဆို

မြန်မာနိုင်ငံအလယ်ပိုင်းဒေသပါဝင်တဲ့ အမှတ် (၁) စစ်ဒေသမှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၄၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းထုတ်ပြန်ပါတယ်။

အမှတ် ( ၁) စစ်ဒေသမှာ မန္တလေးတိုင်း ၊မကွေးတိုင်း ၊စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည် မြောက်ပိုင်းတို့ပါဝင်တယ်လို့သိရပါတယ်။

မတ်လအတွင်း အဲဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်တာ ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ် တာ ၊ ဒရုန်းသုံးပြီး ဗုံးချတာ ၊ မိုင်းဆွဲတာ ၊စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှု တွေ ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ရေးသတင်းမှာ တွေ့ရပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်တာ ၁၃၇ ကြိမ် ၊ မိုင်းဆွဲတာ. ၁၁၈ ကြိမ် ၊ ဒရုန်းသုံးပြီး တိုက်ခိုက်တာ ၄၅ ကြိမ် ၊ သွားရောက်ပစ်ခတ်တာ ၁၂၅ ကြိမ်ရှိပြီး စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဟာ ၁၂ ကြိမ်ရှိခဲ့တယ်လို့ NUG ရဲ့စာရင်းအရသိရပါတယ်။

Public Service Announcement

Public Service Announcement

မတ်လအတွင်း ၂ ဖက် အကျအဆုံးရှိခဲ့ပါတယ်။ NUG ရဲ့စာရင်းအရတော့ စစ်ကောင်စီဖက်က ၆၀၀ ကျော်သေဆုံးပြီး ၇၀၀ ထိခိုက်ဒဏ်ရာရသလို PDF တွေဘက်ကလည်း ၆၀ ကျဆုံးပြီး ၉၀ ကျော် ဒဏ်ရာရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကို PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆင်နွှဲကြတာလို့ NUG က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အကျအဆုံးထိခိုက်မှုတွေ စာရင်းထုတ်ပြန်တာမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ်က မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။