Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်တွင်​ကျောက်သူ​ဌေးတစ်ဦးအိမ်ဓါးပြတိုက်ခံရ

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းအနီး နေသူ ​ကျောက်သူ​ဌေး အားဖုန် ၏ အိမ်ကို မေလ ၂၈ရက် ‌ည ၉နာရီခန့်တွင် လူ ၆ ဦးကဓားပြဝင်တိုက်ခြင်းဖြစ်​ကြောင်းသိ သိရသည်။

(ဖားကန့်မြို့လယ်တစ်​နေရာကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(ဖားကန့်မြို့လယ်တစ်​နေရာကို ၂၀၁၈ ခုနှစ်က​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

▪︎သိန်း​​သောင်းချီတန်​​​သော ​ကျောက်စိမ်းတုံး ၊​ရွှေ​ချောင်းများနှင့် တန်ဖိုးကြီးကားနှစ်စီးကိုဓါးပြတိုက်သူများယူသွား

ဖားကန့်မြို့တွင် ယမန်​နေ့ညက ကျောက်သူဌေးတစ်ဦးဓားပြတိုက်ခံရပြီး ကျပ်သိန်းတစ်​သောင်းခွဲတန်ကြေးရှိသော ကျောက်စိမ်းတုံးနှင့်ရွှေချောင်းအပြင်တန်ဖိုးကြီးကားနှစ်စီးကိုပါ ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ​ဒေသခံများက​ပြောသည်။

“ကျောက်တွေ ဝယ်စုနေတဲ့ တရုတ်လောပန်းအိမ်ဓားပြအတိုက်ခံရတာ။ လူ ၆ ယောက်ပါတယ်တဲ့။ ​ကျောက်စိမ်းတုံးရော ရွှေချောင်းတွေရောပါသွားတယ်တဲ့”ဟု ဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာ၊ ရှမ်းကုန်းအနီး နေသူ ​ကျောက်သူ​ဌေး အားဖုန် ၏ အိမ်ကို မေလ ၂၈ရက် ‌ည ၉နာရီခန့်တွင် လူ ၆ ဦးကဓားပြဝင်တိုက်ခြင်းဖြစ်​ကြောင်းသိ သိရသည်။

အားဖုန်အိမ်မှ ကျပ်သိန်း တစ်သောင်းခွဲတန်ကြေးရှိကျောက်စိမ်းတုံးတစ်တုံး၊ ကျပ်သိန်း လေးထောင်ခန့်ရှိသောရွှေချောင်းအချို့နှင့် တစ်စီးလျှင် ကျပ်သိန်း သုံးထောင်ခန့်တန်ကြေးရှိသော မော်ဒယ်မြင့်ကားနှစ်စီးကို ဓားပြအဖွဲ့က ယူဆောင်သွားကြောင်း ရှမ်းကုန်းအနီးနေသူများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါဓါးပြမှုတွင် ​ကျောက်သူ​ဌေး နှင့်ဆက်စပ်​သော အတွင်းလူပါနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်လည်း လိုအပ်သော စုံစမ်းထောက်လှန်းမှုများ ပြုလုပ်နေသည်ဟု ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။

“ကျွန်တော်တို့ စုံစမ်းကြည့်တာ အတွင်းလူပါနိုင်တယ်လို့ သိရတယ်။ ရဲဘော်တွေ လိုက်နေကြပါပြီ။ဖားကန့်မှာခဏခဏဖြစ်နေတဲ့ ဓားပြမှုတွေရဲ့ လက်သည်တရားခံကို ဖော်ထုတ်ဖို့လိုပါတယ်”ဟု အဆိုပါထောက်ပို့ရဲဘော်ကပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ရာဇဝတ်မှုများထူ​ပြောလာရာ ဖားကန့်သည် ရာဇဝတ်မှုအများဆုံးဖြစ်​နေ​သောဒေသဖြစ်သည်။ရွှေဆိုင်များ၊ကျောက်သူဌေးအိမ်များ မကြာခဏ ဓားပြတိုက်ခံနေရသည်။ ဓားပြတိုက်မှုဖြစ်စဉ်အချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများက သံသယ‌ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

တာမခန်တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ အများအပြားပေး၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်းသိရသည်။