Connect with us

Hi, what are you looking for?

သတင်း

ကနီတွင် ဆင်ဦးစီး CDMမိသားစုဝင် ၁၀၀ကျော် ဆင် ၃၆ကောင်နှင့်အတူ စားဝတ်နေရေးခက်ခဲနေ

ဆင်များကို ယခုလက်ရှိအတိုင်း ကာကွယ်စောင့်ရှောက်ထားချင်သော်လည်း စားဝတ်နေရေး အဆင်မပြေသည့်အတွက် ဆင်များကိုတောထဲထားပြီး နေရပ်ပြန်ရန် စဥ်းစားနေရပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ပြီးနောက် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောတွင်းတစ်နေရာ၌ ဆင်များကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် ဆင်ဦးစီး CDM မိသားစုဝင် ၁၀၀ကျော် စားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် CDM ပြုလုပ်ခဲ့သည့် ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနလက်အောက်ရှိ ဆင်ဦးစီးများ၏ မိသားစုဝင် ၁၀၃ဦးသည် ဆင် ၃၆ကောင်ကိုပါ ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း၊ လက်ရှိတွင် ဝင်ငွေမရှိ၍ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ၏ ပြန်ကြားရေးတာဝန်ခံ ကိုATက ပြောသည်။

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

ဆင်များကို ယခုလက်ရှိအတိုင်း ကာကွယ်စောင့်ရှောက်ထားချင်သော်လည်း စားဝတ်နေရေး အဆင်မပြေသည့်အတွက် ဆင်များကိုတောထဲထားပြီး နေရပ်ပြန်ရန် စဥ်းစားနေရပြီဖြစ်ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

“ဆင်တွေနဲ့က သားသမီးလိုဖြစ်နေတဲ့အတွက် ဆင်တွေကိုထားသွားပြီး နေရပ်မပြန်နိုင် ဖြစ်နေကြတာ။ ဆင်တွေကို မခိုင်းဘဲ ဒီတိုင်းကာကွယ်စောင့်ရှောက်နေရတာ ဆင်ဦးစီးမိသားစုတွေအရမ်းကိုအခက်အခဲဖြစ်နေကြတယ်။ ဆင်တွေနေမကောင်းရင်တောင် ဆေးကုဖို့ အရမ်းကိုအခက်အခဲဖြစ်နေတယ်။ မနှစ်က ဆင်တစ်ကောင်နေမကောင်းတာ ဆေးကုစရာမရှိလို့ တစ်ကောင်သေတယ်။”ဟု ကို ATက ပြောသည်။

Public Service Announcement

Public Service Announcement

(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(CDM ပြုလုပ်ခဲ့သော်လည်း ဆင်များအားထားမသွားနိုင်၍ ပြုစုပေးနေရသော CDM ဝန်ထမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

ထို့ကြောင့် ဆင်ဦးစီး မိသားစုဝင်များ၏ စားဝတ်နေရေးအတွက် တက်နိုင်သရွေ့ ပါဝင်လှူဒါန်းပေးကြရန်ကျောက်လုံးကြီး KLG PDFတပ်မဟာအဖွဲ့က မေတ္တာရပ်ခံသည်။

လှူဒါန်းလိုပါက ကျောက်လုံးကြီး KLG PDF အဖွဲ့နှင့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၁၊ ၂၂၊ ၂၃) များမှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်တိုး လာနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေဟာ အမိုးအကာတွေအလုံအလောက်မရသေးသလို မိုးတွင်းကာလ စားနပ်ရိက္ခာအခက်အခဲနဲ့လည်း ကြုံလာရနိုင်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...