Connect with us

Hi, what are you looking for?

သတင်း

သံတောင်မြို့မှာ တိုက်ပွဲဖြစ်

လက်နက်ကြီးကျည်ကျ လို့ သံတောင်မြို့ ရပ်ကွက်ထဲက နေအိမ်အချို့ ထိမှန်ပျက်စီးသလို ငွေတောင်ကလေးကျေးရွာက ဆေးပေးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ သံတောင်မြို့က သတင်းရင်းမြစ်ကဆိုပါတယ်။

သံတောင်မြို့မှာ တိုက်ပွဲဖြစ်
သံတောင်မြို့မှာ တိုက်ပွဲဖြစ်

ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်ထဲက သံတောင်မြို့မှာ မနေ့ မေလ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) လက်အောက်ခံတပ်တွေကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ညနေ ၄ နာရီအချိန်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ မြို့တွင်းကို ကျရောက်ပေါက်ကွဲပြီး နေအိမ်တွေထိခိုက်ပျက်စီးမှုရှိတယ်လို့သံတောင်မြို့ကသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေဆဲလို့သိရပါတယ်။

သံတောင်မြို့မှာ တိုက်ပွဲဖြစ်
သံတောင်မြို့မှာ တိုက်ပွဲဖြစ်

လက်နက်ကြီးကျည်ကျ လို့ သံတောင်မြို့ ရပ်ကွက်ထဲက နေအိမ်အချို့ ထိမှန်ပျက်စီးသလို ငွေတောင်ကလေးကျေးရွာက ဆေးပေးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ သံတောင်မြို့က သတင်းရင်းမြစ်ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

သံတောင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ (၂) တို့ကြာ းစစ်ရေးတင်းမာနေတာပါ။

သံတောင်မြို့ဟာ တောင်ပေါ်အပန်းဖြေစခန်းဖြစ်သလို ပဲခူးတိုင်း၊တောင်ငူမြို့ကနေ ၂၈ မိုင်ခန့်သာကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။