Connect with us

Hi, what are you looking for?

သတင်း

ချင်း – မကွေးအစပ်၌ CDF/PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီ ယနေ့ တိုက်ပွဲဆက်ဖြစ်

မင်းတပ်မြို့နယ် ထင်ချောင်းရွာထိပ် တောစပ်နား၌ ရှိနေသည့် စစ်ကောင်စီတပ်သားများနှင့် ရဲများကျေးရွာအတွင်းသို့ ဝင်လာပြီး ဆန်တောင်း၊ကြက်ဖမ်း လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ရေးသားအသိပေးသည်။

(စစ်ကောင်စီတပ်သားများ နေရာယူထားသော ထင်းချောင်းရွာရှိ နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)
(စစ်ကောင်စီတပ်သားများ နေရာယူထားသော ထင်းချောင်းရွာရှိ နေအိမ်အား တွေ့ရစဉ်။ ဓာတ်ပုံ - HKL-Mindat)

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ် မင်းတပ်မြို့နယ်နှင့် ကျောက်ထုနယ်အကြား ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF) စစ်ဒေသမှူး ဆလိုင်းနိုင်းတမ် ပြောသည်။

“ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပါတယ်။ ရဟတ်ယာဉ်တွေလည်းလာပေမယ့် မပစ်သေးဘူး”ဟု ဆလိုင်းနိုင်းတမ်က People’s Spring သို့ ပြောပြသည်။ ထို့အပြင် စစ်ကောင်စီတပ်ဘက်က စစ်ကူလာရောက်သည်ဟု သတင်းရထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါဒေသ၌ မေလ ၂၈ရက်မှစ၍ မိုင်းဆွဲတိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်သည်။

မင်းတပ်မြို့မှ ဆင်းလာသည့် စစ်ကောင်စီတပ်အပြင် ရဲအင်အား ၂၀၀ခန့် နှင့် မင်းတပ် CDF၊ ကန်ပက်လက် CDF၊ ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)၊ တပ်ရင်း(၈) ပူးပေါင်းတပ်တို့ မေလ ၂၉ရက်က မင်းတပ် – ကျောက်ထု တောလမ်းတစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် CDF ရဲဘော်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဒေသမှူးက ၎င်း၏ Facebookမှတဆင့် အသိပေးထားသည်။

“ဒဏ်ရာရရဲဘော်က အသက်အန္တရာယ်နည်းနည်းစိတ်အေးရပီဆိုပေမယ့် နားထင်ကနေမျက်လုံးနှစ်လုံးစလုံးနားကပ်ပြီး ဖောက်ထွက်သွားတာမို့ မျက်လုံးတစ်လုံးကိုတော့ ဆုံးရှုံးလိုက်ရပီ ။နောက်တစ်ဖက်ကို ကယ်တင်နိုင်ဖို့ အရေးပေါ်လုပ်ဆောင်ရတဲ့အခြေအနေမို့ ဆေးဖိုးကူညီပေးချင်ကြတယ်ဆိုရင် စစ်ဒေသမှူးတစ်ယောက်အနေနဲ့ ကျနော်လက်ခံပေးလို့ရပါတယ်။ ကျေးဇူးတင်လွှာကိုတော့ ဗဟိုကနေထုတ်ပေးပါလိမ့်မယ်။ ငွေရေးကြေးရေးအကူအညီ တကယ်လိုအပ်နေတာမို့ပါ”ဟုလည်း စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်ကရေးသားထားသည်။

မေလ ၂၉ရက် ညပိုင်း၌လည်း ထင်ချောင်းရွာဘက် ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်အား CDF ပူးပေါင်းတပ်က ဝင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အကျအဆုံးများနိုင်သည်ဟု ဆိုသည်။

ထို့ပြင် မေလ ၃၀ရက်တွင်း ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု မင်းတပ်ဒေသခံသတင်းရင်းမြစ် က လူမှုကွန်ရက်၌ ရေးသားထားသည်။

မင်းတပ်မြို့နယ် ထင်ချောင်းရွာထိပ် တောစပ်နား၌ ရှိနေသည့် စစ်ကောင်စီတပ်သားများနှင့် ရဲများကျေးရွာအတွင်းသို့ ဝင်လာပြီး ဆန်တောင်း၊ကြက်ဖမ်း လုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ရေးသားအသိပေးသည်။

“ယမန်နေ့က စံတောင်ရိုးဘက် တက်သွားတဲ့ စခ၊ ရခ တစ်ဖွဲ့က သန်းဦးဆည်ဝန်းကျင် ရောက်ကြပြီလို့ သိရပါတယ်”ဟု မင်းတပ်ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံများ ဂရုစိုက်သွားလာနေထိုင်ကြရန် လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook