Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်

နိုလင်းဟေဇာဟာ နာဂစ်ကာလအတွင်း အကူအညီပေးရေးလုပ်ငန်းစဉ်တွေအတွက် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် နိုလင်းဟေဇာ ရာထူးက နုတ်ထွက်မယ်

မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အထူးသံတမန် နိုလင်းဟေဇာ ဟာ အခုလ ဇွန်လ ၁၂ ရက်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။

လပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင်ပြီးနောက် သက်တမ်းမကုန်မီမှာပဲ ရာထူးကနေ နုတ်ထွက်မှာပါ။

စစ်တပ်အာဏာသိမ်းပြီး ၉ လအကြာ မှာ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းပေးဖို့ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာကို ကုလသမဂ္ဂက အထူးသံတမန်အဖြစ် ခန့်အပ်ပါတယ်။

အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဲတဲ့ လပေါင်း ၂၀ နီးပါးကာလအတွင်း စစ်ကောင်စီဘက်ကရော တော်လှန်ရေးအင်အားစုတွေဘက်ကပါ ဝေဖန်မှုတွေကို နိုလင်းဟေဇာကြုံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ နိုလင်းဟေဇာကို မြန်မာနိုင်ငံ ဆီ လာရောက်ခွင့် စစ်ကောင်စီခေါင်းဆောင်က ခွင့်ပြုခဲ့ပါတယ်။

နေပြည်တော်ကိုသွားရောက်တဲ့လုပ်ရပ်ဟာ စစ်ကောင်စီကို တရားဝင်မှုပေးတာလို့ တော်လှန်ရေးအင်အားစုတွေ ဝေဖန်ခဲ့သလို ခရီးစဉ်အပြီး နိုလင်းဟေဇာရဲ့ ထုတ်ပြန်ချက်ဟာ လည်း တဖက်သတ်ဆန်တယ်လို့ စစ်ကောင်စီဘက်ကလည်း ပြစ်တင်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံရာမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ နိုင်ငံရေးလမ်းကြောင်းပေါ်ပြန်သွားဖို့ ၊ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ပို့ဖို့ တွေ နိုလင်းဟေဇာက တောင်းဆိုပေမယ့် စစ်ကောင်စီက လျစ်လျူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ကိုလည်းစစ်ကောင်စီဘက်က ငြင်းပယ်ခဲ့ပါတယ်။ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်မရရင် မြန်မာဆီ ထပ်မသွားတော့ဘူးလို့ နိုလင်းဟေဇာက ခရီးစဉ်အပြီးမှာထုတ်ပြောခဲ့ပါတယ်။

နိုလင်းဟေဇာဟာ နာဂစ်ကာလအတွင်း အကူအညီပေးရေးလုပ်ငန်းစဉ်တွေအတွက် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောင်စာဆီ တင်ပို့ရောင်းချမှု နိုင်ငံများ အသင်း (OPEC)ကနေ နုတ်ထွက်တော့မယ့် ဆုံးဖြတ်ချက်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)နိုင်ငံက တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။

သတင်း

မစ္စစ်ကယ်လီကာရီကိုရွေးချယ်မှုအ​ပေါ် မစ္စတာရှောင်တာနဲလ်က သတင်းကောင်းအဖြစ်ကြိုဆို