Connect with us

Hi, what are you looking for?

သတင်း

တက်မရေနံမှော်မှ အလုပ်သမားများကို စစ်သားများက မောင်းထုတ်ပြီး ပစ္စည်းများလုယက်မီးရှို့

ထိုရေနံမြေမှ ရေနံများသည် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ရန်ပုံငွေထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မေ ၂၁ ရက် ညနေ ၆နာရီမှစ၍ ရေနံတူးဖော်ခြင်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက ခြိမ်းခြောက်တားမြစ်ခဲ့သည်။

(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)
(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)

ညောင်ဦးမြို့နယ်ရှိ တက်မရေနံမှော်ရှိ ရေနံလုပ်သားများကို စစ်​ကောင်စီတပ်ကလက်နက်ပြခြိမ်းခြောက်မောင်းထုတ်ပြီး ပြည်သူပိုင်ပစ္စည်းများကိုလုယက်ယူဆောင်၍ ရေနံမှော်ကို မီးရှို့နေကြောင်း ဒေသခံအလုပ်သမားကပြောသည်။

စစ်ကောင်စီတပ်သားများက ရေနံမှော်အတွင်း မေ ၂၅ ရက်က ရောက်ရှိလာပြီး မေ ၂၇ ရက်နောက်ဆုံးဖယ်ရှားကြရန် သေနတ်ပြခြိမ်းခြောက်ခဲ့သည်။ထိုနောက် မေ ၃၁ရက်မှစ၍ မှော်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်လုယူကာ ရေနံမှော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မေ ၂၈ ရက် မည်သူကိုမျှ မမြင်ချင်ကြောင်း ခြိမ်းခြောက်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအလုပ်သမားတစ်ဦးကပြောသည်။

“စစ်သားတွေရောက်လာတော့ လူတွေလည်း ကြောက်လန့်ပြီး တပိုင်တနိုင်လေးတွေသယ်ပြီး ထွက်သွားကြတာ။ ကျန်တဲ့ ပစ္စည်းတွေကို သူတို့က စိတ်ကြိုက်ခိုးကြတာပဲ။အခုတော့မီးပါရှို့လိုက်ကြပြီ”ဟု ၎င်းကဆက်ပြောသည်။

ထိုရေနံမြေမှ ရေနံများသည် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ရန်ပုံငွေထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မေ ၂၁ ရက် ညနေ ၆နာရီမှစ၍ ရေနံတူးဖော်ခြင်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက ခြိမ်းခြောက်တားမြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)
(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)

တက်မရေနံမှော်သည် ​ဒေသတွင်းနာမည်ကြီး​ရေနံ​မှော်ဖြစ်ပြီး အလုပ်သမားတစ်သိန်းကျော်မှီလုပ်ကိုင်နေခြင်းဖြစ်သည်။ လက်ရှိတွင်ရေနံမှော်ကို စစ်တပ်က အင်အားသုံးအကြမ်းဖက် ပိတ်လိုက်​သော​ကြောင့်အလုပ်သမား အလုပ်လက်မဲ့ဖြစ်ကုန်ကြ​သည်ဟုလည်း အလုပ်သမားများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်