Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တက်မရေနံမှော်မှ အလုပ်သမားများကို စစ်သားများက မောင်းထုတ်ပြီး ပစ္စည်းများလုယက်မီးရှို့

ထိုရေနံမြေမှ ရေနံများသည် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ရန်ပုံငွေထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မေ ၂၁ ရက် ညနေ ၆နာရီမှစ၍ ရေနံတူးဖော်ခြင်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက ခြိမ်းခြောက်တားမြစ်ခဲ့သည်။

(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)
(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)

ညောင်ဦးမြို့နယ်ရှိ တက်မရေနံမှော်ရှိ ရေနံလုပ်သားများကို စစ်​ကောင်စီတပ်ကလက်နက်ပြခြိမ်းခြောက်မောင်းထုတ်ပြီး ပြည်သူပိုင်ပစ္စည်းများကိုလုယက်ယူဆောင်၍ ရေနံမှော်ကို မီးရှို့နေကြောင်း ဒေသခံအလုပ်သမားကပြောသည်။

စစ်ကောင်စီတပ်သားများက ရေနံမှော်အတွင်း မေ ၂၅ ရက်က ရောက်ရှိလာပြီး မေ ၂၇ ရက်နောက်ဆုံးဖယ်ရှားကြရန် သေနတ်ပြခြိမ်းခြောက်ခဲ့သည်။ထိုနောက် မေ ၃၁ရက်မှစ၍ မှော်အတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို စိတ်ကြိုက်လုယူကာ ရေနံမှော်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မေ ၂၈ ရက် မည်သူကိုမျှ မမြင်ချင်ကြောင်း ခြိမ်းခြောက်မောင်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအလုပ်သမားတစ်ဦးကပြောသည်။

“စစ်သားတွေရောက်လာတော့ လူတွေလည်း ကြောက်လန့်ပြီး တပိုင်တနိုင်လေးတွေသယ်ပြီး ထွက်သွားကြတာ။ ကျန်တဲ့ ပစ္စည်းတွေကို သူတို့က စိတ်ကြိုက်ခိုးကြတာပဲ။အခုတော့မီးပါရှို့လိုက်ကြပြီ”ဟု ၎င်းကဆက်ပြောသည်။

ထိုရေနံမြေမှ ရေနံများသည် ဒေသတွင်းကာကွယ်ရေးအဖွဲ့များကို ရန်ပုံငွေထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် မေ ၂၁ ရက် ညနေ ၆နာရီမှစ၍ ရေနံတူးဖော်ခြင်းများ ရပ်ဆိုင်းရန် စစ်ကောင်စီက ခြိမ်းခြောက်တားမြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)
(တပ်မ​ရေနံ​မှော် မပိတ်ရ​သေးခင်ပုံနှင့် စစ်​ကောင်စီတပ်က ဖျက်ဆီးပြီး​နောက်​တွေ့ရ​သောပုံ။ဓါတ်ပုံ-CJ)

တက်မရေနံမှော်သည် ​ဒေသတွင်းနာမည်ကြီး​ရေနံ​မှော်ဖြစ်ပြီး အလုပ်သမားတစ်သိန်းကျော်မှီလုပ်ကိုင်နေခြင်းဖြစ်သည်။ လက်ရှိတွင်ရေနံမှော်ကို စစ်တပ်က အင်အားသုံးအကြမ်းဖက် ပိတ်လိုက်​သော​ကြောင့်အလုပ်သမား အလုပ်လက်မဲ့ဖြစ်ကုန်ကြ​သည်ဟုလည်း အလုပ်သမားများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

ကျားဖြူ စစ်ကြောင်းက ဒီမနက် ထုတ်ပြလာတဲ့ ရုပ်သံဖိုင်ထဲမှာ နေအိမ်တစ်လုံးပေါ်မှာ အင်ဂျင်ဝိုင် ပုံးတွေ ၊ သစ်ရွက်ခြောက်တွေ နဲ့ တာယာကွင်းတွေ စုပုံထားတာကိုတွေ့ရပါတယ်။

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်