Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒုံသမိတံတားတိုက်ပွဲ စစ်ကောင်စီ စစ်ကူတပ်များပါ တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုများ

ဇွန်လ ၁ရက် နံနက်တွင် ဒုံသမိတံတား မွန်ပြည်နယ်ဘက်အခြမ်းဂိတ်နှင့် ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တို့ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ - KNLA၊CJ)

▪️တံတား ကရင်ဘက်ခြမ်းဂိတ်၊ မွန်ဘက်ခြမ်းဂိတ်၊ စစ်ကူတပ် ကြားဖြတ်တိုက်ခိုက်ခံရမှုများအတွင်း စစ်ကောင်စီတပ် ၄၀ကျော်သေဆုံးဟု KNLA တပ်မှူးပြော

ကရင်နှင့် မွန်ပြည်နယ်အစပ် သထုံ​မြို့နယ် ဒူးရင်းဆိပ်ရွာ ဒုံသမိတံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က ယမန်နေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရဲနှင့် စစ်သားများ သေဆုံးထိခိုက်များခဲ့ပြီး သေဆုံးသူများတွင် အရာရှိများလည်း ပါဝင်သည်ဟု KNLA တပ်မဟာ(၁)မှ တပ်မှူးတစ်ဦးက ပြောသည်။

ဇွန်လ ၁ရက် နံနက်တွင် ဒုံသမိတံတား မွန်ပြည်နယ်ဘက်အခြမ်းဂိတ်နှင့် ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF) တို့ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ - KNLA၊CJ)
(ဒုံသမိတံတားဂိတ်တိုက်ခိုက်ခံရမှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအားတွေ့ရစဉ်နှင့် ဒုံသမိတံတားတိုက်ပွဲပြီး​နောက်မြင်ကွင်း။ ဓာတ်ပုံ – KNLA၊CJ)

“အဲဒီနေ့က တစ်ပြိုင်တည်းပဲနော်။ ဟိုဘက်က စစ်ကူလာတာကိုး။ စစ်ကူလာတော့ မိုင်းဆွဲပြီးတော့ ပစ်ခတ်တာ။ ဒူးရင်းဆိပ်ရွာ ဒီဘက်ထိပ်မှာဆိုရင် ဒုံသမိချောင်းရှိတယ်။ အဲဒီ ဒုံသမိချောင်း အနောက်ဘက်က မွန်ပြည်နယ်။ ဒုံသမိချောင်း အရှေ့ဘက်ခြမ်းမှာတော့ ကရင်ပြည်နယ်ပေါ့။ နှစ်ဖက်လုံးက ကရင်ပြည်နယ်ရော မွန်ပြည်နယ်ရော ဂိတ်စခန်းတွေအားလုံးကို တစ်ပြိုင်တည်းနဲ့ ဝင်တိုက်တာ။ ကရင်ပြည်နယ်က လာတဲ့ ၂၀၅တပ်က ဗိုလ်ကြီး မိုးမင်းတို့ အဖွဲ့ပေါ့။ အဲဒီ စစ်ကူအဖွဲ့ကို နှစ်ခါမိုင်းဆွဲတာ။ နောက်ထပ်လိုက်လာတဲ့ BGFကိုလည်း မိုင်းဆွဲတိုက်ခိုက်တာ။”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေမှာ ဒူးရင်းဆိပ် ဒုံသမိဂိတ် မွန်ဘက်အခြမ်းတွင် ဒုရဲမှူး သီဟဇော်အပါအဝင် ရဲ ခုနစ်ဦး သေဆုံးပြီး ကရင်ပြည်နယ်ဘက်အခြမ်းဂိတ်တွင် စစ်ကောင်စီတပ်နှင့် ရဲအင်အား ၂၇ ဦး အနက် တစ်ဦး လွတ်မြောက်၊ တစ်ဦး ပေါင်ကျိုး၊ ၂၅ဦးသေဆုံးကြောင်း အတွင်းသတင်းရရှိသည်ဟု ဆိုသည်။ထို့ပြင် တိုက်ပွဲဖြစ်ရာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး မိုးမင်းအပါအဝင် ရှစ်ဦး သေဆုံးပြီး စစ်ကူလာသည့် နယ်ခြားစောင့်တပ်မှလည်း ငါးဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

“သူတို့ဘက်က တံတားထိပ်က စစ်ဆေးရေးဂိတ် နှစ်ခုလုံးရယ်၊ စစ်ကူလာတဲ့အဖွဲ့တွေကိုလည်း ကြားကနေ မိုင်းဆွဲတိုက်ခိုက်တာ။ ကျနော်တို့ဘက်က နှစ်ယောက်ကျဆုံးတယ်။တစ်ယောက်က ဒဏ်ရာရသွားတယ်။ သူတို့ဘက်က ၄၀ကျော်လောက် ထိခိုက်သေဆုံးသွားတာတော့ အတွင်းသတင်းအရ ကျနော်တို့သိရတယ်”ဟု KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနအချို့ကမူ အင်အား ၂၀၀ ခန့်ရှိ KNU/PDF ပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်၍ ရဲအချို့ ဒဏ်ရာရခဲ့ကြောင်းသာ ဖော်ပြထားပြီး စစ်ကောင်စီတပ်သေဆုံးမှု များသည့် အခြေအနေကို ဖော်ပြမထားပေ။