Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်သားနှင့်ရဲ ၁၀ဦးခန့်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

ဇွန်လ ၂ရက် နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးရဲစခန်းနှင့်ရုံးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်မဟာမိတ်အဖွဲ့များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၁၀ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဇွန်လ ၂ရက် နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးရဲစခန်းနှင့်ရုံးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်မဟာမိတ်အဖွဲ့များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG-MOD)

PDF အထူးစစ်ဆင်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ ရန်သူ့တပ်၏ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ (၂၈၄)နှင့် ရန်သူ့စစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG-MOD)

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး (၁၂၀) မမ၊ ရဟတ်ယာဉ်များ ဖြင့်မြို့ပေါ်နေရာ အနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ရဲစခန်းနှင့် ရုံးများကြေမွပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း PDF အထူးစစ်ဆင်ရေးအဖွဲ့(S.O.F) ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး၊ ရဟတ်ယာဉ်များအသုံးပြုကာ တော်လှန်ရေးအင်အားစုများမရှိသည့် ဘာသာရေးအဆောက် အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ကြောင့် ရဟန်းတော်တစ်ပါး နှင့် ဒေသခံ နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း အသိပေးထုတ်ပြန်သည်။