Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးတိုက်ပွဲ စစ်သားနှင့်ရဲ ၁၀ဦးခန့်သေဟု NUG ကာကွယ်ရေး ထုတ်ပြန်

ဇွန်လ ၂ရက် နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးရဲစခန်းနှင့်ရုံးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်မဟာမိတ်အဖွဲ့များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ ၁၀ဦးခန့်သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဇွန်လ ၂ရက် နံနက်ပိုင်းက ကြာအင်းဆိပ်ကြီးရဲစခန်းနှင့်ရုံးများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်မဟာမိတ်အဖွဲ့များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG-MOD)

PDF အထူးစစ်ဆင်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် Cloud Wings Drone တပ်ဖွဲ့တို့ ပူးပေါင်းကာ ရန်သူ့တပ်၏ ကြာအင်းဆိပ်ကြီးမြို့နယ်ရဲစခန်း၊ ခလရ (၂၈၄)နှင့် ရန်သူ့စစ်သားများတပ်စွဲထားသော ထွေအုပ်ရုံး၊ လဝကရုံး၊ ဆက်သွယ်ရေးရုံး၊ အခွန်ရုံး၊ တရားသူကြီးရုံးများအား ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - NUG-MOD)
(တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များနှင့် ထိခိုကိပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – NUG-MOD)

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး (၁၂၀) မမ၊ ရဟတ်ယာဉ်များ ဖြင့်မြို့ပေါ်နေရာ အနှံ့လိုက်လံရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ရဲစခန်းနှင့် ရုံးများကြေမွပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း PDF အထူးစစ်ဆင်ရေးအဖွဲ့(S.O.F) ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီး၊ ရဟတ်ယာဉ်များအသုံးပြုကာ တော်လှန်ရေးအင်အားစုများမရှိသည့် ဘာသာရေးအဆောက် အဦးများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ကြောင့် ရဟန်းတော်တစ်ပါး နှင့် ဒေသခံ နှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း၊ ဘာသာရေးအဆောက်အဦးများနှင့် လူနေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေး တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံက ဒီကနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောကြားပြီး ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိဟု PDF စစ်ရုံးချုပ် ထုတ်ပြန်

သတင်း

ထင်ချောင်းရွာခံ ကျောင်းသား ၁ ဦး အပါအဝင် အရပ်သား ၂ဦး စစ်တပ်သတ်ဖြတ်

Facebook