Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံတိုက်ပွဲဆက်လက်ပြင်းထန် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ယမန်​​နေ့(ဇွန် လ ၃ ရက်)ကမူ ဖယ်ခုံ မြို့အနီးတွင် လွိုင်လင်လေးအခြေစိုက် အမှတ် (၅၃၀) ခြေမြန်တပ်ရင်းမှ လက် နက်မပါပဲ ထွက်ပြေးလာသော စစ်သား (၃) ဦးကို ဖယ်ခုံအခြေစိုက်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၁၀၀၆) တပ်ရင်းမှ ဖမ်းဆီးနိုင်ခဲ့သည်။

(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)
(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)

▪︎လွိုင်လင်လေးအခြေစိုက် အမှတ် (၅၃၀) ခြေမြန်တပ်ရင်းမှစစ်သား ၃ ဦးလက်နက်မပါဘဲ ထွက်​ပြေးလာ

ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့မှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ် ကောင်စီတပ်ကို ဖယ်ခုံ PDF (တပ်ရင်းအမှတ် – ၁၀၀၂) နှင့်အတူ KNDF, PDF-လွိုင်​ကော်၊ ဒီ​မော့ဆို-PDFs စစ် ကြောင်း၊ ဒီး​မော့ဆို Local-PDFs စစ်ကြောင်း၊ မိုးဗြဲPDF (1001 နှင့် 1007)၊ တပ်ရင်းအမှတ် 1008၊ 1009၊1003၊KRU ၊​နေပြည်​တော်-PDF တပ်ရင်း နှင့် အလယ်ပိုင်းတိုင်း အထူးတပ်ဖွဲ့ တို့စုပေါင်း ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

“မနေ့က အထိ ထိတွေ့မှုရှိတယ်။သူတို့ဘက်က တပ်လှုပ်ရှားတာနဲ့ တိုက်ပွဲက ဖြစ်မှာပဲ။လွန်ခဲ့တဲ့ ရက်ပိုင်း လောက်က သူတို့ တပ်စွဲထားတဲ့ စက်တော်ရွာ တောင်ပေါ် ဘုရားအနီးတစ်ဝိုက်ကို တိုက်ခဲ့တာရှိတယ်”ဟု ပူး ပေါင်းတပ်မှ တာဝန်ရှိသူက ရှင်းပြသည်။

(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)
(စက်တော်ရွာတောင်ပေါ် ဘုရားအနီး တိုက်ပွဲဖြစ်ပွား​တွင် ​စစ်တပ်ကိုတိုက်ခိုက်​နေ​သော ဒီး​မော့ဆို Local PDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- DMI Local PDF)

ယမန်​​နေ့(ဇွန် လ ၃ ရက်)ကမူ ဖယ်ခုံ မြို့အနီးတွင် လွိုင်လင်လေးအခြေစိုက် အမှတ် (၅၃၀) ခြေမြန်တပ်ရင်းမှ လက် နက်မပါပဲ ထွက်ပြေးလာသော စစ်သား (၃) ဦးကို ဖယ်ခုံအခြေစိုက်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ် (၁၀၀၆) တပ်ရင်းမှ ဖမ်းဆီးနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁ ရက်ကစ၍ ဇွန်လလ ၂ ရက်အထိ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများက ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း လွယ်ဟွဲ နှင့် လွယ်လုံရွာ စစ်ကြောင်းတစ်ကြောင်း၊ ခေါင်းအိ နှင့် စက်တော်ရွာဖက်တွင် စစ် ကြောင်းတစ်ကြောင်း နှင့် လတူးဖက် စစ်ကြောင်းတစ်ကြောင်း စုပေါင်းစစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိ၊စစ် ကြောင်းမှူးများအပါအဝင် စုစုပေါင်း၆၂ ဦး သေဆုံး ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။

ထိခိုက်ဆုံးရှုံးမှုများသော စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာပစ်ခတ်၊ကျဲချ သည်သာမက ဖယ်ခုံ စကခ(၇) နှင့် ၃၃၆ တပ် မှလက်နက်ကြီး ပစ်ကူများစွာပေးလျက်ရှိသည်။

ဇွန်လလ ၂ ရက်နေ့အထိ ဖယ်ခုံ မြို့တိုက်ပွဲများ၌ PDF နှင့် KNDF တို့မှ ရဲဘော်(၃) ဦး ကျဆုံးခဲ့ရပြီး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။